ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
ယခုရက်ပိုင်းအတွင်း အကယ်ဒမီအခေါက်ရွှေဈေး တရိပ်ရိပ်တက်နေကာ ယနေ့ မတ်လ ၆ ရက်နေ့နေ့လယ်ပိုင်းတွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ ကျော်အထိ ဈေးမြင့်တက်သွားပြီး ညနေဈေးပိတ်ချိန်တွင် ကျပ်နှစ်သောင်းပြန်ကျကာ ကျပ် ၃,၉၉၈,၀၀၀ ဖြင့် ဈေးပိတ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
တရားဝင် သတ်ဈေးနှုန်း ညနေဈေးပိတ်တွင် ကျပ် ၃,၇၉၇,၉၀၀ သိန်းဖြင့်ဈေးပိတ်ကြောင်း ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) သိရသည်။
“အကယ်ဒမီအခေါက်အတုံးတွေ အရောင်း၊ အဝယ်မရှိဘူးသိရတယ်။ ပိုင်ရာပိုင်ရာဘဲရောင်း၀ယ်တယ်လို့ကြားတယ်” ရွှေအသိုင်းအဝိုင်းမှ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရွှေဈေးတက်နေချိန်တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းထားကမူ တစ်ဒေါ်လာ ကျပ် ၃၆၄၀ ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က အကယ်ဒမီအခေါက်ရွှေတစ်ကျပ်လျှင် ကျပ် ၃၉ သိန်းဖြင့်ဈေးဖွင့်၍ ညနေဈေးပိတ်ချိန်တွင် ၃၉ သိန်း ခုနစ်ထောင်ဖြင့်ဈေးပိတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ရွှေဈေးတရိပ်ရိပ်တက်လာခြင်းဖြစ်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်း အတွင်းက အခေါက်ရွှေဈေး ကျပ် ၃၇ သိန်းရှိရာမှ ယခု ၂၀၂၄ ခုနှစ် မတ်လတွင် ကျပ် သိန်း ၄၀ နီးပါးထိရှိလာ၍ ရွှေဈေးမှာ တစ်လလျှင် ကျပ်တစ်သိန်းနီးပါး တက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်