
ဧရာ၀တီတိုင်းမ်
မတ် ၅ ရက်
ရခိုင်ဒေသသို့ ပြန်လည်၀င်ရောက်လာသည့် ရခိုင်လူ ငယ်များကို စစ်ကောင်စီက ဖမ်းဆီးထားရာ ၎င်းတို့ကို သတ်ဖြတ်မှုများပြုလုပ်ပါက လက်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် AA က သတိပေးပြောဆိုခဲ့သည်။
AA က စစ်ကောင်စီကို လူမျိုးရေးအမုန်းတရားများ ထားပြီး လူ့အခွင့်အရေးချိုးဖောက်ကာ ရခိုင်ပြည်သို့ပြန်သည့် ရခိုင်လူငယ်များကို အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခြင်းမပြုရန် ယခုကဲ့ သို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
“စစ်ကောင်စီက ရခိုင်ပြည်ကိုပြန် လာတဲ့သူတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ လွတ်လပ်စွာသွားလာခွင့်ကို ဆိုးဆိုးရွားရွား တားဆီးဖမ်းဆီးတာ ဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ စစ်ကောင်စီ ရဲ့လုပ်ရပ်က ရခိုင်တွေအပေါ် လူမျိုးရေးအမုန်းတရား တိုးပွားအောင်လုပ်နေတာပါ။ ဖမ်းဆီးထားတဲ့လူငယ် တွေကို မတရားသတ်ဖြတ်တာမျိုးဖြစ်လာရင် မိုးအ ဆုံး ရေအဆုံးလိုက်ရှာပြီး ပြတ်ပြတ်သားသားလက် တုံ့ပြန်သွားမယ်”ဟု AA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြော သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်လေဆိပ်မှကျောက်ဖြူသို့ပြန်လာသည့် ရခိုင်လူငယ်များ ကို ကျောက်ဖြူလေဆိပ်တွင် စစ်ကောင်စီကဖမ်းဆီး စစ်ဆေးခဲ့ပြီး ၎င်းတို့ထဲမှအချို့ကို ယနေ့အထိပြန် လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ရန်ကုန်မှ စစ်တွေလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည် အချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရိ ၂၀ ရက်နေ့တွင် ရန်ကုန်အောင်မင်္ဂလာအဝေးပြေး ကားကွင်းမှ ရခိုင်ပြည်နယ် သို့ထွက်ခွာလာသည့် ကား ၃ စီးကို စစ်ကောင်စီဂိတ်က တားဆီးပြီး ရခိုင်လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
#ရခိုင်လူငယ်#စစ်ကောင်စီ #ဖမ်းဆီးမှု #လူမျိုးရေး #အမုန်းတရား#AA #Ayeyarwaddy_Times