ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

သူနဲ့ နယ်သာလန်ဝန်ကြီးချုပ် မတ်ခ်ရုတေးတို့ဟာ ဒီနှစ်အတွင်း ယူကရိန်းသို့ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ခေါင်းဆောင်နှစ်ဉီးဟာ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးမားဆုံးနဲ့ ရုရှားရဲ့တိုက်ခိုက်မှုတွေ မကြာခဏခံရ တဲ့ ခါကတ်ဗ်မြို့မှာ တွေ့ဆုံပြီးနောက် ဇီလန်စကီးက စစ်ရေးအကူအညီ စီမံချက်အသေးစိတ်ကို လူမှုကွန်ရက်တွေ မှာ ကြေညာခဲ့ပါတယ်။

“ဒီနှစ်မှစပြီး လာမယ့် ၁၀ နှစ်အတွင်း နယ်သာလန်နိုင်ငံက ယူကရိန်းကို ယူရို ၂ ဘီလီယံ တန်ကြေးရှိ စစ် ရေးအကူအညီ ပေးအပ်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဥရောပသမဂ္ဂက ပေးအပ်ဖို့ကတိပြုထားတဲ့ အမြောက်ကျည်ဆံ ၁ သန်းရဲ့ သုံးပုံတစ်ပုံသာ လက်ခံရရှိခဲ့ ပြီး ခဲယမ်းမီးကျောက် ပြတ်လပ်မှုတွေကြောင့် နေရာအချို့မှ ဆုတ်ခွာခဲ့ရတယ်လို့ ယူကရိန်းနိုင်ငံက ပြီးခဲ့တဲ့လအ တွင်း ဝန်ခံခဲ့ပါတယ်။

ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အအုံအချို့ အပါအဝင် ခေါင်းဆောင်နှစ်ဉီး ခါကတ်ဗ်မြို့ ကို လည်ပတ်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို ဇီလန်စကီးက လူမှုကွန်ရက် X မှာ တင်ခဲ့ပါတယ်။

လူ ၅ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဇန်နဝါရီလအတွင်း ရုရှားရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ လူနေအဆောက်အအုံတစ်လုံးကို ၎င်းတို့နှစ်ဉီး လည်ပတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကျောင်းသူကျောင်းသား ၈၅၈ ဦးအတွက် ပညာဆက်သင်ဖို့ မြေအောက်ဘူတာရုံတစ်ခုမှာ ဖွင့်လှစ်ထား တဲ့ အထူးစာသင်ခန်း ၄၀ ကိုလည်း မတ်ခ်ရုတေးနဲ့ ဇီလန်စကီးတို့က လည်ပတ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူး ဒင်းနစ်ဘရောင်းက ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကတ်ဗ် မြို့တော်က လူအသေအပျောက်ရှိတဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

ကိုးကား – VOA
Ref; Netherlands Pledges $2.2 Billion in Military Aid for Ukraine

#Ayeyarwaddy_Times