ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အကြီးမားဆုံး အဟန့်အတားလို့ စစ်တပ်အာ ဏာသိမ်းမှုမတိုင်မီ ခန့်အပ်ခံခဲ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးကျော်မိုးထွန်းက ပြောပါတယ်။

အာဏာသိမ်းတာ ၃ နှစ်ကြာမြင့်ပြီဖြစ်တဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို ဆွေးနွေးဖို့ ထိုင်း လွှတ်တော်က နှစ်ရက်ကြာ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီမိုကရေစီအင်အားစုတွေမှ အကြီးတန်းအဖွဲ့ဝင်တွေလည်း မြန်မာ့အရေး ဆွေးနွေးပွဲကို အွန်လိုင်းကနေ တက်ရောက်ခဲ့ပါတယ်။

ဦးကျော်မိုးထွန်းကို စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ရွေးကောက်ခံအစိုးရက ကုလသမဂ္ဂ သံအမတ်အဖြစ် ခန့်အပ်ခဲ့ပြီး သူ့ရဲ့ရာထူးနေရာကို ထိန်းနိုင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ အင်အားလျှော့နည်းလာမှုကို ဖြည့်ဆည်းဖို့ စစ်မှုထမ်းဉပဒေ အသက်သွင်းတဲ့ အာဏာသိမ်းစစ် ကောင်စီကို ၎င်းက ဝေဖန်ခဲ့ပါတယ်။

ဘယ်တိုင်းပြည်ကမှ မြန်မာနိုင်ငံကို မကျူးကျော်ခဲ့ပေမယ့် ဒီမိုကရေစီဆုံးဖြတ်ချက် မချမှတ်ခဲ့ဘဲ စစ်မှု ထမ်းဉပဒေဟာ ခေတ်သစ်ကျေးကျွန်ပြုမှုလို့ သူက ဆိုပါတယ်။

စစ်မှုထမ်းဉပဒေကိုရှောင်ရှားဖို့ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာလူငယ်တွေကို မဖမ်းဆီးဖို့ စစ်တပ်ကို တန်ပြန်ဖို့ ဒီမိုကရေစီအင်အားစုတွေ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေကြောင့် ထွက်ပြေးလာတဲ့ မြန်မာလူငယ်တွေကို အကူအညီပေးဖို့ ထိုင်း အာဏာပိုင်တွေကို ဖိတ်ကြားထားတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; Myanmar’s UN envoy denounces junta

#Ayeyarwaddy_Times