ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရုံးများကို (DNDF- Wetlet) တပ်ဖွဲ့မှ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရတို့ (၄)ဦးအတွက် သွေးကြွေးဟုဆိုကာ DNDF အဖွဲ့နှင့်အတူ မဟာမိတ် PDRF အဖွဲ့နှင့်ပူးပေါင်း​ပြီး တိုက်ခိုက်ခဲ့တယ်လို့ DNDFတပ်ဖွဲ့ထံကသိရသည်။

အဆိုပါတိုက်ခိုက်ခဲ့သည့် ခဲ့သည့် ရုံးများမှာ မြို့နယ်ရဲစခန်းအနီးရှိ အထွေထွေအုပ်ချုပ်ရေးရုံး နှင့် စည်ပင်ရုံးတို့ဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ထွေအုပ်ရုံးရှိ စစ်ကောင်စီနောက်လိုက် ၅ ဦးထက်မနည်းသေဆုံးပြီး ကား(၂)စီး မီးလောင်ပျက်စီးခဲ့သည် DNDF တပ်ဖွဲ့ထံက သိရသည်။

ဒါ့ပြင် စည်ပင်ရုံးမှ ထိခိုက်ပျက်စီးမှုများကိုတော့ ဟာမူရာဘီ စစ်ဆင်​ရေး တပ်ဖွဲ့အနေဖြင့် မသိရှိသေးပဲ နောက်နောင်တွင် ပိုမိုပြင်းထန်သည့် စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်သွားမည် ဟု Doung Ni Defence Force (DNDF- Wetlet) တပ်ဖွဲ့ကပြောသည်။