ဧရာ၀တီတိုင်းမ်
မတ် ၅ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ မင်းတဲကြီးရပ် ကွက်နှင့် အခြားရပ်ကွက်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ် ၄ ရက်နေ့ ည ၈ နာရီခန့်တွင် ကောလင်း မြို့ပေါ်ရှိ မင်းတဲကြီးရပ်ကွက်၊ မင်းဂျမ်း၊ စိုင်ဒူးနှင့် ဆေးမင်းခုံတို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ များကို တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း -၂ ထံက သိရသည်။

တစ်ချိန်တည်းတွင်ပင် ကောလင်းမြို့မြောက်ဘက်ရှိ အောင်ချမ်းသာရွာတွင် အခြေချတပ်စွဲနေသည့် စစ် ကောင်စီတပ်ဖွဲ့များကို ကောလင်းခရိုင် တပ်ရင်း -၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန် စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် ကောလင်းခရိုင်တပ်ရင်း -၂၊ တပ်ရင်း -၁၊ မြို့ပေါ်နှင့် ကောလင်းအနောက်ခြမ်းရှိ ပကဖပူးပေါင်းတို့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ယမန်နေ့၌ပင် ညနေ ၄ နာရီခန့်တွင် ခံသာရွာ၌ ညအိပ်တပ်စွဲနေသည့် စစ်ကောင်စီတပ်က ခံသာရွာမှ နေအိမ်တစ်လုံးကို မီးရှို့ပြီးနောက် ကျောက်တန်းရွာဘက်သို့ ထွက်ခွာလာပြီး ကောလင်းခရိုင် အမှတ်(၁) တပ်ရင်း ၊ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)တို့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲရှိခဲ့ သည့်အတွက် ခံသာရွာကို လေကြောင်းမှ လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ခံသာရွာကို မတ် ၃ ရက်နေ့တွင်လည်း လေကြောင်းမှ ‌‌ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် စာသင်ကျောင်းတစ်ခု မီးလောင်ပျက်စီး ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောက်တန်းရွာမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွှေဘို- မြစ်ကြီးနားကားလမ်းကို တော်လှန်ရေးတပ်ဖွဲ့များက ယာယီပိတ်ထားရပြီး ကားအစီးရေ ၂၀၀၀ နီးပါးနှင့် ပြည်သူ ၁၅,၀၀၀ ခန့်ပိတ်မိနေကြောင်း သိရသည်။

လက်ရှိတွင် ကောလင်းမြို့ပေါ်မှ စစ်ရှောင်ဦးရေ ၁၈,၀၀၀ ခန့်နှင့် ကျောက်တန်းသစ်ဖုလှ တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ ၈,၆၀၀ ခန့်ထပ်တိုးလာပြီး ကားလမ်းတွင် ပိတ်မိနေသည့် ပြည်သူ ၁၅,၀၀၀ မှာ လည်း အရေးပေါ်စားနပ်ရိက္ခာအကူအညီ လိုအပ်နေ ကြောင်း K‌awlin Revolution ထံက သိရသည်။

ပုံစာ -(၁) ခံသာရွာကို စစ်​ကောင်စီက​လေ​ကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီး​နေသည့်​နေအိမ် (၂) ​ရွှေဘို- မြစ်ကြီးနားကားလမ်းတွင် ကားများပိတ်မိ​နေစဥ်
#​ကောလင်းမြို့ #စစ်​ကောင်စီ #တပ်စွဲ​နေရာများ #​တော်လှန်​ရေးအဖွဲ့ #ဝင်​ရောက်တိုက်ခိုက်
#Ayeyarwaddy_Times