နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ (EROs) တည်ရှိရာ ဒေသများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံတွင် ပူးပေါင်းတိုက်ပွဲဝင်ရန် ဝင်ရောက်လာသူ အများအပြားရှိနေပြီး စစ်ယူနီဖောင်းနှင့်အသုံးအဆောင်များ လိုအပ်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံကနေသိရသည်။

တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်လာသူများသည် တော်လှန်ရေးတပ်ဖွဲ့များ ဝတ်ဆင်သည့် ယူနီဖောင်း၊ ဖိနပ်၊ ဦးထုပ်နှင့် အခြားဆက်စပ်အသုံးအဆောင်များအတွက် လိုအပ်မှုများ ရှိနေကြောင်းသိရသည်။

“ကျွန်တော်တို့ ရေးဘီလူး တပ်ဖွဲ့ထံကို ဝင်ရောက်လာသူက ၁၅၀ ရှိတယ်။ သင်တန်းကတော့ ပေးနေပြီ။ ဒုတိယ အပတ်စဥ် စနေပြီ။ လိုအပ်ချက်ကတော့ သင်တန်းဆင်းပြီးရင် ဝတ်ဖို့အတွက် ယူနီဖောင်းဝတ်စုံ၊ ဖိနပ်၊ ဦးထုပ် နဲ့ အီကွေမန့်က အစလိုအပ်မှုတွေတော့ရှိနေတယ်” ဟု ရေးဘီးတပ်ဖွဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တပ်ဖွဲ့ဝင်များ၏ လိုအပ်နေမှုများအပေါ် ပါဝင်လှူဒါန်းပေးစေလိုပြီး လှူဒါန်းလိုသူများ အနေဖြင့် ရေးဘီလူး Page တွင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် လှူဒါန်းနိုင်သည့် အကောင့်များကိုလည်း စနစ်တကျဖြင့် လုံခြုံမှုရှိစေရန် လုပ်ဆောင်ထားကြောင်း ရေးဘီလူးတာဝန်ခံက ထပ်မံပြောကြားသည်။

စစ်ကောင်စီမှ စစ်မှုဌာန်းဥပဒေအတည်ပြုပြီးနောက် ဒေသအသီသီးမှနေ၍ တော်လှန်ရေး တပ်ဖွဲ့များထံ ဝင်ရောက်လာသူ အများအပြားရှိလာနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ ယခု မတ်လ ပထမအပတ်အတွင်းအထိ ဝင်ရောက်လာသူ ၁၀၀၀၀ ကျော်အထိရှိလာနေပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ပုံစာ-ရေးဘီလူးတပ်ဖွဲ့ထံတွင် သင်တန်းတက်ရောက်နေသူများ

#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေအတည်ပြု #တော်လှန်ရေးတပ်ဖွဲ့များ #ဝင်ရောက်လာသူများပြား #စစ်ယူနီဖောင်း #အသုံးအဆောင်များ #လိုအပ်မှုရှိ #Ayeyarwaddy_Times