ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ တ ရုတ်နိုင်ငံသား ၉၀၀ ခန့်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရာမှာ ကူညီပေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ပြောပါတယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိရာ အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ပြီး လူပေါင်းထောင်ချီဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူမှောင်ခိုကူးကာ ကျားဖြန့်လုပ်ငန်းတွေနဲ့ တရားမဝင် လုပ်ငန်းတွေမှာ အဓမ္မ စေခိုင်းခံနေရတယ်လို့ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာနယ်စပ်မြို့ မြဝတီမှ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ရှိ လေဆိပ်တစ်ခုသို့ တရုတ်နိုင်ငံသားတွေကို သယ် ယူပို့ဆောင်ကာ တရုတ်လေယာဉ်တွေထံ လွှဲပြောင်းပေးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

“ဒါဟာ တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံကြား ပူးတွဲဆန္ဒအလျှောက် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့တာ ဖြစ် ပါတယ်” လို့ သာဗီဆင်းက ပြောပါတယ်။

“ဒီလုပ်ငန်းစဉ်ကို အဓမ္မ လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ လူသားချင်းစာနာမှု အခြေခံစည်းမျဉ်းတွေကို အခြေ ခံပြီး ဆန္ဒအလျှောက် လုပ်ဆောင်ခဲ့တာပါ။ ထိုင်းနိုင်ငံက မဲဆောက်မြို့ရှိ လေဆိပ်က လေယာဉ်တွေထံ တရုတ်နိုင် ငံသားတွေ လွှဲပြောင်းပေးရာမှာ ကူညီပေးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်ကျားဖြန့်ဓားစာခံတွေ တရုတ်နိုင်ငံသို့ နေရပ်ပြန်ဖို့ သုံးရက်ကြာအောင် လေကြောင်းခရီးစဉ် ၁၅ ခုနဲ့ ဆောင်ရွက်ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Surachate Hakparn က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီအာဏာပိုင်တွေက ကျားဖြန့်လုပ်ငန်း ပူးတွဲနှိမ်နင်းမှုအတွင်း ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၃၁၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

ကျားဖြန့်ဂိုဏ်းတွေမှာ လုပ်ကိုင်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ လောက်ကိုင်တိုက်ပွဲ အတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရေးမှာ တရုတ်နဲ့မြန်မာက ကူညီခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Govt facilitates transfer of 900 scam victims from Myanmar to China

#Ayeyarwaddy_Times