ဧရာ၀တီတိုင်းမ်
မတ် ၄ ရက်

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့​ဖြစ်သည့် MNDAA ၊ TNLA ၊ AA နှင့် စစ်ကောင်စီတို့ကို တရုတ်၏ ကြား၀င်စေ့စပ်ပေးမှုဖြင့် ကူမင်းဟိုင်ဂင်ဆွေးနွေးပွဲအရ အပစ်ရပ်စဲရေးသဘောတူညီချက်သည် ရှမ်းမြောက်နှင့်သာ သက်ဆိုင်ပြီး ရခိုင်ဒေသတိုက်ပွဲများ နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရက္ခိုင့်တပ်​ေတာ် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြော​​ကြားသည်။

ယနေ့ မတ် ၄ ရက်နေ့တွင် ပြုလုပ်သည့် ရက္ခိုင့်တပ် တော်၏ သတင်းစာရှင်းလင်းပွဲတွင် AA ၏ ဒုစစ်ဦးစီး ချုပ်ဒေါက်တာညိုထွန်းအောင်က စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်အဖွဲ့၏ အပစ်ရပ်စဲရေးသဘော တူညီချက်နှင့်ပတ်သက်ပြီး ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဟိုင်ဂင်သဘောတူဆွေး‌နွေးချက်က ရှမ်းမြောက်ကိစ္စ ပါ။ ရှမ်းမြောက်နဲ့ပဲ ပတ်သက်တယ်။ ရခိုင်မှာတော့ စစ်ရေးက တွေ့မြင်နေတဲ့အတိုင်းပါပဲ။ သဘောတူညီချက်က ရှမ်းမြောက်က AA နဲ့ပဲဆိုင်တယ်။ ရခိုင်က AA နဲ့မဆိုင်ပါဘူး”ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံတွင် ဆွေးနွေးမှုပြုလုပ်‌နေသည်မှာ သုံး လေးကြိမ်ခန့်ရှိပြီဖြစ်ပြီး သဘောတူညီချက်များကို ပြင်ပသို့မထုတ်ဖော်ဖို့ သဘောတူညီချက်ရရှိထားသော်လည်း အားလုံးသိသည့် လျှို့ဝှက်ချက်အနေနှင့် ယခုထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ မှန်ကန်သည့်အချက်များရှိသလို ကောလာဟလများ လည်းပါ၀င်နေကြောင်း ထပ်မံပြောဆိုသွားသည်။

ရခိုင်ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ် သက်ပြီး ရှမ်းမြောက်တွင်သာ အပစ်အခတ်ရပ်စဲထား ပြီး ရခိုင်ပြည်တွင် အပစ်အခတ်ရပ်စဲခြင်းမရှိဟုလည်း ဆိုသည်။

ဟိုင်ဂင်သဘောတူညီချက်တွင် သဘောတူထားသည့် ပြင်ပသို့သဘောတူညီချက်များ မ‌ထုတ်ဖော်ရေးကိုလည်း စစ်ကောင်စီဘက်ကသာ ထုတ်ဖော်ပြသလာခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ကောလာဟလများ ထွက်ပေါ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။

#ရခိုင် #AA #သတင်းစာရှင်းလင်းပွဲ #ဒုစစ်ဦးစီချုပ်
#ဒေါက်တာညိုထွန်းအောင် #Ayeyarwaddy_Times