ဧရာ၀တီတိုင်းမ်
မတ် ၄ ရက်

ရခိုင်ဒေသတွင် အပစ်အခတ်ရပ်စဲလိုက်သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းရှင်းနယ်မြေဖြစ်လာအောင် ဆက် လက်ဆောင်ရွက်လျက်ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ရက္ခိုင့်တပ်တော် (ULA/AA) ၏ ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြော​ကြားသည်။

ယနေ့ မတ် ၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာစီမံရေးများနှင့်ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်‌ပွားနေသလိုတစ်ဖက်တွင်လည်း ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများနှင့် ပြန်လည်ထူ ထောင်ရေးအတွက်လည်း လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

“ရခိုင်ပြည်ကို သီးခြားအုပ်ချုပ်ခွင့်ဆိုပြီး ခွဲထွက်သွား ဖို့အစီအစဉ်မရှိပါဘူး။ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့ ရေးဆွဲနေပါတယ်။ သူများပေးတဲ့ အာမခံချက်ထက် ကိုယ်ကပေးနိုင်တဲ့ အာမခံချက်ကို ပိုပြီးအလေး ထားပါတယ်။ စစ်အာဏာရှင်လက်အောက်က လွတ် မြောက်ပြီး နယ်မြေတည်ငြိမ်ရေးနဲ့ အုပ်ချုပ်ရေးတို့ကို အဓိကဖော်ဆောင်သွားပါမယ်။ အာရက္ခဒေသတစ်ခုလုံး စစ်ကောင်စီကင်းရှင်းနယ်မြေဖြစ်အောင် ဆောင် ရွက်နေပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားသည့် နယ်မြေ များတွင်လည်း ဒေသခံပြည်သူများ ပြန်လည်နေထိုင် နိုင်ရန်အတွက် မြေမြုပ်မိုင်းရှင်းလင်းရေးကို အဓိက ရှင်းလင်းလုပ်ဆောင်နေပြီး လက်ရှိတွင် မြို့ရွာများ အတွင်း ပြန်လည်နေထိုင်ခွင့်ကို ကန့်သတ်ထား ကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်များကို ကူညီသည့်နေရာတွင် လည်း ဒေသခံများ ပျက်စီးဆုံးရှုံးသွားသည့် အိမ်တစ် လုံးထက် ပျက်စီးနေသည့်တိုင်းပြည်ကို ပြင်ဆင်ဖို့လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ ရခိုင်နိုင်ငံကို ရခိုင့်လက်နှင့် ဖန်တီးနိုင်အောင်လုပ် ဆောင်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကွန် ဖန်ဒရိတ်ထက်မနိမ့်သော အဆင့်တစ်ခုရောက်ရှိအောင် အာမခံချက်ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

#ရခိုင် #AAပြောရေးဆိုခွင့်ရှိသူ #ခိုင်သုခ #စစ်ကောင်စီကင်းစင်နယ်မြေ #လုပ်ဆောင် #Ayeyarwaddy_Times