
ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
Kinmen ကျွန်းစုအနီး တရုတ်တံငါသည်နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ တောင်းပန်မှာမဟုတ်ဖူးလို့ ထိုင် ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပြီး ဉပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
“ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဉပဒေနဲ့အညီ တာဝန်ထမ်းဆောင်ပါတယ်။ လက်ရှိ စုံစမ်းစစ်ဆေးမှု အထောက်အထားတွေအရ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ တရုတ်တံငါသည်တွေ သေဆုံးမှုမှာ မသက် ဆိုင်တာကြောင့် တောင်းပန်ဖို့ အစီအစဉ်မရှိပါဘူး” လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ လျောင်ယွန် ဟန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Kinmen ကျွန်းစုအနီး ရေပိုင်နက်အတွင်း ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ခြေရာခံလိုက်မှုကြောင့် တ ရုတ်တံငါသည် ၄ ဉီးပါဝင်တဲ့ ငါးဖမ်းသင်္ဘောပေါ်မှနှစ်ဦး သေဆုံးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ဖြစ်စဉ်အတွက် တ ရုတ်နိုင်ငံက ထိုင်ဝမ်ကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို ထုတ်ပြန်ချက်တွေ ဖြစ်လာတာပါ။
“ဒီဖြစ်စဉ်နောက်ပိုင်း အာဏာရ DPP ပါတီ အာဏာပိုင်တွေက တောင်းပန်ခဲ့တာမရှိပါဘူး” လို့ တရုတ်နိုင် ငံ၊ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူဖန်လျှံက ပြောကြားခဲ့ပြီး ထိုင်ဝမ်က လိမ်ညာခဲ့ကာ ဖြစ်စဉ်နဲ့ပတ် သက်လို့ အမှန်တရားကို ဖုံးကွယ်ခဲ့တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်အာဏာပိုင်တွေက သေဆုံးသူ တရုတ်တံငါသည်တွေရဲ့ မိသားစုဝင်တွေကို ကူညီနေပြီး တရား ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေတယ်လို့ ထိုင်ဝမ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Lin Tze-luen က ပြောပါတယ်။
တံငါသည်နှစ်ဉီး သေဆုံးမှုကြောင့် ထိုင်ဝမ်ပြည်သူ ၁၀၀၀၀၀ ကျော်နေထိုင်ရာ တရုတ်နိုင်ငံ Xiamen မြို့ ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာအနည်းငယ်အကွာက ကျွန်းစုတစ်ခုဖြစ်တဲ့ Kinmen ကျွန်းစုဝန်းကျင်မှာ တရုတ် နဲ့ထိုင်ဝမ်ကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
ကိုးကား – La Prensa Latina
Ref; Taiwan refuses to apologize over Chinese fishermen’s deaths