ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

ပြင်သစ်အစိုးရဟာ ယူကရိန်းနိုင်ငံအတွက် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Delair ထံမှ kamikaze drone ခေါ် အသေခံဒရုန်း ၁၀၀ စင်း မှာယူခဲ့တယ်လို့ သိရပါတယ်။

အသေခံဒရုန်း ၁၀၀ စင်း မှာယူကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဆီဘတ်ရှန်လတ်ကော်နူက ဖေ ဖော်ဝါရီလ ၂၉ ရက်မှာ လူမှုကွန်ရက် X မှာ ကြေညာခဲ့ပါတယ်။

Delair ကထုတ်လုပ်တဲ့ အသေခံဒရုန်းတွေဟာ ဒီနှစ်နွေရာသီမှာ ယူကရိန်းနိုင်ငံသို့ ရောက်ရှိဖို့စီစဉ်ထား တယ်လို့ သိရပါတယ်။

“ဒီနှစ်နွေရာသီမှာ ယူကရိန်းသို့ရောက်ရှိမယ့် Delair မှထုတ်လုပ်တဲ့ အသေခံဒရုန်း ၁၀၀ စင်းကို ပြင်သစ် နိုင်ငံက မှာယူထားပါတယ်” လို့ ဆီဘတ်ရှန်က X မှာ ရေးသားခဲ့ပါတယ်။

ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Delair ဟာ ပြင်သစ်စစ်တပ်နဲ့ ယူကရိန်းကာကွယ်ရေးတပ် ဖွဲ့ထံမှ အသေခံဒရုန်း စုစုပေါင်း အစင်းရေ ၂၀၀၀ အမှာစာ လက်ခံရရှိမယ်လို့ ၎င်းက ဆိုပါတယ်။

စစ်ရေးအကူအညီပေးမှု အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းစစ်တပ်ထံ မည်သည့်မော်ဒယ်လ် ဒရုန်းအမျိုးအစားတွေ လွှဲပြောင်းပေးမယ်ဆိုတာကိုတော့ သူက အသေးစိတ်မဖော်ပြပါဘူး။

ပြင်သစ်ကုမ္ပဏီ Delair ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းစစ်တပ်သို့ ဒရုန်းအစင်းရေ ၁၅၀ ကျော် လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒရုန်းမော်ဒယ်လ်တွေကို ယူကရိန်းနိုင်ငံက ရွေးချယ်ခဲ့ပြီး ငွေကြေးကို ပြင်သစ်နိုင်ငံက ထောက်ပံ့ခဲ့တာလို့ ဆီဘတ်ရှန်က ဆိုပါတယ်။

ယခုအစီအစဉ်ဟာ အသုံးပြုရလွယ်ကူပြီး ၅ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ တန်ဖိုးနည်း ပြင်သစ်ဒရုန်းတွေ မြန်ဆန်စွာ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ကိုးကား – The Kiev Independent
Ref; Ukraine to receive 100 Delair kamikaze drones from France

#Ayeyarwaddy_Times