ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

ဧရာ၀တီတိုင်း ပုသိမ်အကျဥ်းထောင်တွင် စစ်ကောင်စီ မှဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရသည့် လူငယ်အမျိုးသား ခုနှစ်ဦးကိုဖေဖော်ဝါရီလ ၂၉ရက်နေ့က နောက်ထပ်သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖျာပုံမြို့နယ်တွင် PDFများဟုဆိုကာ ဖမ်းဆီးခံရသည့် ကိုသူရဖြိုး(ခ)ဝ တုတ်၊ ကိုထွန်းထွန်းဦး(ခ)စနေ ၊ကိုကျော်ဆန်းဦး ၊ကိုကိုအောင်(ခ)ဂွတ်တီး ၊ကိုအောင်မိုးမြင့်၊ ကိုဝင်းမြတ်သိန်းဇော်၊ ကိုကောင်းစည်သူတို့ ကို ယခုကဲ့သို့ သေဒဏ်များချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။

“ပုသိမ်ထောင်တွင်းမှာပဲ ရုံးထုတ်ပြီး ဖျာပုံခရိုင်တရားသူ ကြီးက Video conferencingနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၀၉ နှင့် လူသတ်မှု ပုဒ်မ ၃၀၂-၁(ခ)နဲ့သေဒဏ်ချလိုက်တာအရင်အမှုတွေကိုလဲသေဒဏ်ချထားတော့ တစ်ချို့ဆို သေဒဏ် သုံးကြိမ် ဖြစ်သွားတာပေါ့” ဟု ပုသိမ် အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

အဆိုပါလူငယ် ခုနှစ်ဦးသည် ဖျာပုံမြို့တွင် စစ်ကောင်စီသတင်းပေးဒလန်များကို ရှင်းလင်းရာတွင် ပါ၀င်သည်ဟု ဆိုကာ ၂၀၂၂ခုနှစ်အတွင်း ကဖမ်းဆီးခံခဲ့ရကာ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရကာ ပုသိမ်အကျဥ်းထောင်သို့ ပြောင်းရွှေ့ထားသူများဖြစ်ကြောင်းသိရှိရသည်။

လက်ရှိတွင် အဆိုပါလူငယ်များထဲမှ ကိုသူရဖြိုး(ခ)ဝတုတ်၊ ကိုထွန်းထွန်းဦး(ခ)စနေ ၊ကိုကျော်ဆန်းဦး နှင့်ကိုကိုအောင်(ခ)ဂွတ်တီး တို့မှာ သေဒဏ်သုံးကြိမ်၊ကိုအောင်မိုးမြင့် သေဒဏ် နှစ်ကြိမ်နှင့် ကိုဝင်းမြတ်သိန်းဇော်၊ ကိုကောင်းစည်သူတို့ မှာ သေဒဏ် တစ်ကြိမ်အမိန့်ချမှတ်ခံထားရကြောင်းသိရှိရသည်။

ဧရာ၀တီတိုင်းတွင် PDFများဟု စွပ်စွဲကာ သေဒဏ်အမိန့်ချမှတ်ခံရသောလူငယ် များတွင် ဖျာပုံခရိုင်တရားရုံးမှ သေဒဏ်ချမှတ်မှုအများဆုံးဖြစ်ပြီးစွပ်စွဲခံရသူ လူငယ်၁၄ ဦးထိ သေဒဏ်အမိန့်များချမှတ်ခဲ့ကြောင်းနိုင်ငံရေးအကျဥ်းသားများထံမှ သိရသည်။

#ပုသိမ်ထောင်#သေဒဏ်ချမှတ်ခံရ #လူငယ်၇ဦး# နောက်ထပ်သေဒဏ်အမိန့်ထပ်မံချမှတ်
#Ayeyarwaddy_Times

See