ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

ဒါကာမြို့တော်ရှိ လူနေအဆောက်အအုံတစ်လုံးမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက ဖော်ပြပါတယ်။

ကြာသပတေးနေ့ ည ၁၀ နာရီဝန်းကျင်မှာ လူနေအဆောက်အအုံရဲ့ ပထမထပ်မှာ မီးလောင်ကျွမ်းမှု စ တင်ခဲ့ပြီး ပျံ့နှံ့သွားခဲ့တာလို့ သိရပါတယ်။

ခုနှစ်ထပ်အဆောက်အအုံရဲ့ အပေါ်ထပ်တွေကို ထွက်ပြေးဖို့ အဆောက်အအုံနေသူတွေက ကြိုးစားခဲ့ပေ မယ့် ကလေးငယ်တွေ အပါအဝင် အများစုက ပိတ်မိခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

မီးသတ်သမားတွေက မီးလောင်မှုဖြစ်ရာနေရာသို့ သွားရောက်ခဲ့ပြီး နှစ်နာရီအတွင်း မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူ ၄၃ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ မီဒီယာတွေ က ကျန်းမာရေး အာဏာပိုင်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

အဆိုပါလူနေအဆောက်အအုံမှာ စားသောက်ဆိုင်အများအပြား ဖွင့်လှစ်ထားပြီး မီးလောင်မှုဖြစ်ချိန်မှာ စားသောက်ဆိုင်တွေကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဒေသန္တရရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်း ရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
ကိုးကား – NHK

Ref; At least 43 dead in building fire in Bangladeshi capital Dhaka

#Ayeyarwaddy_Times