ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

ရုရှား နျူကလီးယားတပ်ဖွဲ့တွေဟာ အဆင်သင့်အနေအထား အပြည့်အဝ ဖြစ်နေပြီလို့ နှစ်စဉ်ပြောကြား နေကျ နိုင်ငံတော်အခြေပြ မိန့်ခွန်းအတွင်း သမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်ပါတယ်။

“ရုရှားနိုင်ငံဟာ ပြည်တွင်းရေးရာမှာ ဘယ်သူ့ကိုမှ ဝင်ရောက်စွက်ဖက်ခွင့် မပြုပါဘူး” လို့ မော်စကိုမြို့ တော်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်း ၎င်းက ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန် အကြံပြုတဲ့အတိုင်း အနောက်နိုင်ငံတွေ က ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်ရင် နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တဲ့အန္တရာယ် ရှိလာနိုင်တယ်လို့ သူက ဆို ပါတယ်။

“ကျွန်တော်တို့မှာလည်း သူတို့ပိုင်နက်နယ်မြေတွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတာ အ နောက်နိုင်ငံတွေ နားလည်ရမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့လည်း ဖေဖော်ဝါရီလ ၂၉ ရက်က ဖက်ဒ ရယ်လွှတ်တော်မှာပြုလုပ်တဲ့ မိန့်ခွန်းအတွင်း ပူတင်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲဟာ အနောက်နိုင်ငံတွေကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုရှားက အနောက်နိုင်ငံတွေကို တိုက် ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ သူက ငြင်းဆန်ပါတယ်။

နျူကလီးယားလက်နက် အသုံးပြုရင် ပဋိပက္ခတစ်ခု ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုတာကို အနောက် နိုင်ငံတွေက မေ့နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Newsweek
Ref; Russia’s Nuclear Forces Are Ready, Putin Warns

#Ayeyarwaddy_Times