ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

ဒီသီတင်းပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံက ကိုယ်စားပြုခွင့်ရမှာမဟုတ်ဖူးလို့ အာဆီယံဥက္ကဌရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက် ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားပြုတဲ့ ကိုယ် စားလှယ်တစ်ဦး စေလွှတ်ဖို့အဆိုပြုချက်ကို ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေ သဘောတူညီခဲ့ တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင် အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် အာဆီယံအဖွဲ့က ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ဒေသတွင်းအစည်းအဝေး တွေမှာ စစ်ကောင်စီကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေကြားသဘောတူထားတဲ့ အာဆီယံဘုံသဘော တူညီချက်အချို့ကို ဒီနှစ်မှာ အကောင်အထည်ဖော်မယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် က ပြောပြန်ပါတယ်။

အာဏာသိမ်းမှုမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ဖြုတ်ချခဲ့တဲ့ စစ်ကောင်စီက ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ပြည်တွင်းမငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်အ တွင်း အာဆီယံ ဘုံသဘောတူညီချက်ကို မဖော်ဆောင်နိုင်ခဲ့ဖူးလို့ မင်းအောင်လှိုင်က ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ဝန်ခံခဲ့ပါတယ်။

“ဒီနှစ်မှာ အခြေအနေတွေ တိုးတက်လာတာကြောင့် အာဆီယံ ဘုံသဘောတူညီချက်ပါ ဖြစ်နိုင်ဖွယ်ရာ အချက်တွေကို အာဆီယံမူဘောင်တွေအရ အကောင်အထည်ဖော်ဆောင်မယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

အတိုက်အခံတွေက စစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးရည်မှန်းချက်တွေကို ကဖျက်ယဖျက်လုပ်နေပြီး ပြည်တွင်း၊ပြည်ပ အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းကြံစည်သူတွေက တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ မင်း အောင်လှိုင်က ပြောပါတယ်။

ကိုးကား – Reuters/Bangkok Post
Ref; No Myanmar Representation at ASEAN-Led Meeting, Chair Says