
နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
ဧရာဝတီတိုင်းမအူပင်မြို့ ကမ်းနားလမ်း အာဇာနည်ပန်းခြံအနီးတွင် ဂက်စ်အိုးပေါက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၉ရက်နေ့ ညနေ ၅နာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
“မီးလောင်တဲ့နေရာက မအူပင်မှာ စည်ပင်၊ ထွေအုပ်နဲ့ ဆည်မြောင်းတွေက ပိုက်ဆံယူပြီးထားတဲ့နေရာပါ။ မအူပင်မြို့ဆည်မြောင်းအလွန်တာဘေးမှာအဲလိုနေကြရတဲ့သူတွေ အများကြီးပဲ ခုမီးလောင်တာကတော့ အပူရှိန်ပြင်းပြီးဂက်စ်အိုး ထပေါက်လို့ မီးလောင်မှုဖြစ်တာ”ဟု မအူပင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့် အိမ်တစ်လုံးသာ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#မအူပင် #အာဇာနည်ပန်းခြံ #မီးလောင်မှုဖြစ်ပွား
#Ayeyarwaddy_Times