ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် နေရာအနှံ့စစ်ကြောင်းထိုးပြီး ပစ္စည်းများကို ခိုးယူနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ပုလဲမြို့နယ် တောင်ရွာသစ် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်ကာ ဒေသခံများ၏ပစ္စည်းများ ခိုးယူဖျက်ဆီးနေစဥ် တိုက်ခ်ိုက်ခံရခြင်းဖြစ်သည်။

“၆ နာရီလောက်မှာစဖြစ်တဲ့တိုက်ပွဲက အတော်ပြင်းထန်တယ်။ စုစုပေါင်း တိုက်ပွဲက သုံးကြိမ်ဖြစ်ပွားခဲ့တာပါ။ ဒီကောင်တွေက ရွာထဲဝင်ပြီး ဖျက်ဆီးခိုးယူနေတဲ့အချိန် ကျွန်တော်တို့အဖွဲ့တွေ ဝိုင်းတိုက်တာ၊ ဒဏ်ရာရသူများပီး မရှုမလှ ဆုတ်ခွာ ထွက်ပြေးသွားကြပါတယ်” ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ပွဲကို ကျားသစ်နက်တပ်မတော် Black Leopard Army နှင့် Scarlet Revolution Force – SRF ပူပေါင်း စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-ကျေးရွာတွင်းရှင်းလင်းရေးဆောင်ရွက်စဉ် စစ်ကောင်စီတပ်သားများ ဒဏ်ရာကုသထားသောနေရာအား ရိုက်ကူးထားသောပုံ
#ပုလဲမြို့ #နေရာအနှံ့စစ်ကြောင်းထိုး #စစ်ကောင်စီတပ်ကို #ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက် #စစ်ကောင်စီ #အများအပြားထိခိုက် ဒဏ်ရာရ #Ayeyarwaddy_Times