ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၉ ရက်
ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသမှာ အလုပ်အကိုင်လိမ်လည်မှုတွေ တိုးလာတာကို သ တိထားဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံသားတွေကို တိုက်တွန်းလိုက်ပါတယ်။
အမြတ်အစွန်းများများရဆိုတဲ့ ကတိကဝတ်နဲ့အတူ လူတွေကို စည်းရုံးကာ ပြန်ပေးဆွဲပြီး တရားမဝင်လုပ် ငန်းတွေမှာ အဓမ္မခိုင်းစေတဲ့ လိမ်လည်မှုတွေကို အထူး သတိထားကြဖို့ ဝန်ကြီးဌာနက တောင်ကိုရီးယားပြည်သူ တွေကို တိုက်တွန်းခဲ့ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ရွှေတြိဂံဒေသမှာ လိမ်လည်ခံရသူ ၁၄၀ ဉီးရဲ့ လိမ်လည်မှုစုစုပေါင်း ၅၅ မှုရှိခဲ့တယ် လို့ ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ အွန်လိုင်းလိမ်လည်မှုမှာ အဓမ္မစေခိုင်းခံရသူ အရေအတွက်ဟာ ၉၄ ဦးထိ တိုးလာခဲ့ တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီလတစ်လတည်းမှာပင် အွန်လိုင်းလိမ်လည်မှုမှာ အဓမ္မစေခိုင်းခံရသူ အရေအတွက်ဟာ ၃၈ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေတြိဂံဒေသမှာ အလုပ်လုပ်ကိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသား အများစုဟာ ထိုင်းနိုင်ငံမှတစ်ဆင့် ခရီး သွားရောက်ကြတာကြောင့် Chiang Saen နဲ့ မယ်ဆိုင်မှာရှိတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ အထူးခရီးသွား အ ကြံပြုချက်တွေ ထုတ်ပြန်ဖို့ တောင်ကိုရီးယားအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှာ တောင်ကိုရီးယားနိုင်ငံသား ၁၉ ဉီး ကို တရားမဝင် အဖွဲ့အစည်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပေမယ့် နိုဝင်ဘာလမှာ လွှတ်ပေးခဲ့ပါတယ်။
ကိုးကား – Yonhap
Ref; S. Korea urges caution in Golden Triangle region amid increasing crimes