
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
ရက္ခိုင့်တပ်တော် (AA) က ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးရှိ စစ်ကောင်စီတပ်များကို ၀င်ရောက် တိုက်ခိုက်ချိန်တွင် ခမရ-၃၇၈ မှ ဌာနချုပ်တပ်ခွဲမှူးဖြစ် သူသည် အခြားနေရာသို့သွားရောက်တိမ်းရှောင်နေပြီး တပ်ရင်းတွင်ကျန်ရှိခဲ့သည့် အချုပ်သားများကို သတ်ပစ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ခမရ-၃၇၈ ၏ ဌာန ချုပ်တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူးသိန်းထိုက်စိုးသည် တပ်ရင်းကို ၀င်ရောက်တိုက်ခိုက်ခံရချိန်တွင် ခမရ-၃၇၇ တပ်ရင်းသို့ ဆေးကုရန်ဟုဆိုကာ သွားရောက်တိမ်း ရှောင်နေပြီး တပ်ရင်းတွင်ဖမ်းဆီးချုပ်နှောင်ထားသည့် ဒေသခံ ခုနစ် ဦးကို သတ်ပစ်ရန် ၎င်း၏တပ်သား များကို ညွှန်ကြားခဲ့ကြောင်း ၎င်းကိုယ်တိုင် ၀န်ခံ ပြောကြားခဲ့သည်။
ဗိုလ်မှူးသိန်းထိုက်စိုးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် AA က တပ်မ (၃၇၇) ကိုသိမ်းရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ထိုင်သည့် ခမရ-၃၇၈ ကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် သိမ်းဆည်းရမိကာ သတ်ရန်ညွှန်ကြားထားသည့် ဒေသခံအလောင်းများကို AA က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ကိုဖိုးသီဟအပါအ၀င် အချုပ်သား ၇ ဦးကို တပ်ရင်း ဗဟိုကင်းမှာ ချုပ်ထားပြီး တိုက်ပွဲဖြစ်နေချိန်မှာ ၃၇၇ မှာဆေးကုဖို့ သွားရင်း ၁ လပိုင်း ၂၃ ရက်နေ့မှာ ဒုတပ် ကြပ်သန်းအောင်နဲ့အဖွဲ့ကို တပ်ရင်းဗိုလ် အာကာမြင့်ထံ သတင်းပို့ပြီး ရှင်းလင်းခိုင်းခဲ့တယ်။ ရှင်းလင်းပြီးတော့မှ ဒုရဲမှူးခင်မောင်စိုးနဲ့ကျွန်တော်ညှိနှိုင်းပြီး တပ်မမှူးမင်းမင်းထွန်းထံကို တပ်ရင်းမှာဗုံးစထိမှန်ပြီး အကျဉ်းသားတွေ သေသွားတယ်လို့ တင်ပြခဲ့ပါတယ်” ဟု ညွှန်ကြားခဲ့သည့် ဗိုလ်မှူးသိန်းထိုက်စိုးက ၀န်ခံပြောကြားခဲ့သည်။
ခမရ-၃၇၈ တွင် စစ်ကောင်စီ၏ သတ်ဖြတ်ခံရသူများ မှာ သတင်းထောက်မြတ် သူရထွန်းခေါ် ကိုဖိုးသီဟ၊ ကိုကျော်ဇံဝေခေါ် ကိုရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကို ကျော်၀င်းလှိုင်၊ ကိုကိုညွန့်၊ ကို၀င်းနိုင်နှင့် ကိုပြည့်စုံ ၀င်းဆို့ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီက မင်းပြားအခြေစိုက် ခမရ-၃၇၉ တပ်ရင်းတွင်လည်း ကိုညီညီအောင်(ခ)ကိုအောင်ဇော်၀င်းနှင့် ဦးကျော်ညွန့်တို့ နှစ်ဦးကိုလည်း တိုက်ပွဲဖြစ်ပွားနေစဉ် တပ်ရင်းအတွင်း၌ သတ်ပစ်ခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် AA က ၎င်းတို့ထံ အလင်း၀င်လာသူများ နှင့် လက်နက်ချအညံ့ခံသူ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့၀င်များကို စစ်သုံ့ပန်းဥပဒေနှင့်အညီထိန်း သိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
ပုံစာ- ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုး
#ရခိုင် #မြောက်ဦး #ခမရ၃၇၈ #စစ်ကောင်စီ #ဌာနချုပ်တပ်ခွဲမှူး #အကျဥ်းသားများ #ပစ်သတ်ရန်ညွှန်ကြား #Ayeyarwaddy_Times