
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးပဋိပက္ခနဲ့ အခြား အိမ်နီးချင်းတိုင်းပြည်များရှိ စီးပွားရေးပြဿနာတွေ ကြောင့် ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ဒီနှစ်မှာ ကျဆင်းသွားမယ်လို့ မျှော်မှန်းရကြောင်း ထိုင်းစက်မှုအ သင်းချုပ် (FTI) က ပြောပါတယ်။
“လက်ရှိမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံက ကုန်သွယ်မှုပြုလုပ်ပါတယ်” လို့ FTI ဒုတိယဉက္ကဌ မွန်ထရီမဟတ်လတ်ခ်ပေါင်က ပြောပါ တယ်။
စိန်ခေါ်မှုတွေထဲမှာ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေနဲ့ ငွေကြေးဖောင်းပွမှုမြင့်မာခြင်း အပါအဝင် အပျက် သဘောဆောင်သော စီးပွားရေးအချက်တွေနဲ့ အခြားတိုင်းပြည်များရှိ အိမ်ထောင်စု ကြွေးမြီပြဿနာတွေကို ကိုင် တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးပမာဏဟာ ကျဆင်းခဲ့ပြီး မြန်မာနဲ့ ကုန် သွယ်မှုဟာ ၁၁ ဒသမ ၁ ရာခိုင်နှုန်း၊ မလေးရှားနဲ့ကုန်သွယ်မှုဟာ ၁၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ကမ္ဘောဒီးယားနဲ့ ကုန် သွယ်မှုဟာ ၁၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ လာအိုနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ၁ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။
“ထိုင်းဘတ်ငွေတန်ဖိုးဟာ မြန်မာကျပ်ငွေ၊ လာအိုကစ်နဲ့ ကမ္ဘောဒီးယားရီယယ်ထက် ခိုင်မာအားကောင်း ပါတယ်” လို့ မွန်ထရီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံရဲ့ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုဟာ ဘတ် ၉၃၀ ဘီလီယံအထိ ၁၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပို့ကုန်ပမာဏဟာ ဘတ် ၅၈၀ ဘီလီယံအထိ ၁၀ ဒသမ ၃ ရာခိုင်နှုန်း လျှော့နည်းခဲ့ကာ သွင်းကုန် ပမာဏဟာ အကြမ်းဖျင်းအားဖြင့် ဘတ် ၃၅၀ ဘီလီယံအထိ ၁၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
စျေးနှုန်းချိုသာသော တရုတ်ထုတ်ကုန်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်လို့ ဒေသခံထုတ်လုပ်သူတွေ ကို ထိခိုက်စေတဲ့ပြဿနာကို အိမ်နီးချင်းတိုင်းပြည်တွေက ရင်ဆိုင်နေရတယ်လို့ မွန်ထရီက ဆက်ပြောပါတယ်။
စတီးလ်၊ အလူမီနီယမ်၊ ပလက်စတစ်၊ ကြွေထည်မြေထည်၊ ဓာတုနဲ့ ဆေးဝါးလုပ်ငန်းတွေဟာ ပြင်းထန် သော ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရပြီး အသေးစားနဲ့အလတ်စားလုပ်ငန်းတွေဟာ ထိခိုက်မှုအများဆုံးဖြစ်
တယ်လို့ (FTI) က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; FTI foresees drop in border trade