ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

စစ်ကောင်စီက ၏ခွင့်ပြုချက်ဖြင့် ကျောင်းကုန်းမြို့နယ်တွင် ကြက်ဝိုင်းနှင့် ခြောက်ကောင်ဂျင်ဝိုင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုင်းကြေးယူကာ ကြက်ဝိုင်းများနှင့် ခြောက်ကောင်ဂျင် ဝိုင်းများအား ခွင့်ပြုနေခြင်းဖြစ်သည်။

“ခွင့်ပြု့ပေးထားတာက အိမ်မဲ တပ်ကလို့ပြောတယ် အာဝါဒေဝိုင်းတွေအပြင် ကြက်ဝိုင်းတွေလည်းပါတယ် ။ ပွဲရှိလို့လုပ်တာမျိုးမဟုတ်ဘူး ပေါ်တင်ကိုလုပ်နေတာ ကျနော်တို့ဆီက ကောင်လေးဆို ငါးသိန်းလောက်ပါသွားတယ်။ အိမ်နဲ့လည်းပြသနာတွေတတ်ပြီး လင်မယားကွဲတဲ့အထိတောင်ဖြစ်တယ်။ တပ်ကခွင့်ပြု ပေးထားတော့ ရဲကလည်းမဖမ်းရဲဘူး၊ လာကိုမလာဘူး “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တပ်ထောက်ခံသူအများစုရှိသော ကျောင်းကုန်းမြို့နယ်တွင် လောင်းကစားဝိုင်းများနှင့် နွားပွဲ ၊ကြက်ပွဲများ ပြုလုပ်နေကြကာ ဒေသခံအချို့မှ အရေးယူရန်တိုင်ကြားသော်လည်း အယောင်ပြ သာဖမ်းစီးသည်ဟု ဒေသခံအချို့က ပြောသည်။

“ဒီလောင်းကစားဝိုင်းတွေလုပ်နေတာကို ဆယ်အိမ်မှူး ရာအိမ်မှူးတွေက လိုင်းကြေးယူတဲ့အပြင် ရဲနဲ့ တပ်ကိုလည်းလိုင်းကြေးပေးထားတယ် ။ ဒါတွေကိုမခံနိုင်တဲ့သူတွေ ကတိုင်တယ် ကြက်ဝိုင်းလုပ်နေတဲ့အချိန်ရဲခေါ်တာတောင် တစ်ယောက်မှမိအောင် ဖမ်းတာမျိုးမရှိဘူး ။ လူငယ်တွေကအစ လောင်ကစားနဲ့ပျက်စီးနေပြီး အချို့ဆို စပါးတွေ ပဲတွေခိုးရောင်းပြီး လုပ်နေကြတာတောင်ရှိတယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီအဖွဲ့မှ လိုင်းကြေးယူကာ လောင်းကစားဝိုင်းများ ပြုလုပ်ခွင့်ပေးထားသည့် ကျေးရွာများမှာ မိုးကြိုးပစ်ကျေးရွာနှင့် အိမ်မဲ ကျောင်းကုန်းနယ်စပ်အနီးရှိ ဆိတ်ချေးကုန်းကျေးရွာများ တွင် အဓိကထားလုပ်ဆောင်နေကြကြောင်း သိရသည်။

#စစ်ကောင်စီ #ကျောင်းကုန်းမြို့နယ် #လောင်းကစားဝိုင်းများပြုလုပ် #Ayeyarwaddy_Times