ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

တရုတ်စစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ ထိုင်ဝမ်ကို ရုတ်တရက် ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ် နိုင်စွမ်းရှိတယ်လို့ အမေရိကန်ရေတပ် ပစိဖိတ်ရေယာဉ်စုရဲ့တပ်မှူးက သတိပေးလိုက်ပါတယ်။

အမေရိကန်စစ်တပ်ဟာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်မယ့် ဒရုန်းနည်းပညာလိုမျိုး တီထွင်ဆန်းစစ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ သမ္မတ ဂျိုးဘိုင်ဒင်က အာရှ-ပစိဖိတ်စစ်ဌာနချုပ်ရဲ့ အကြီးအကဲသစ်အဖြစ် အဆိုပြုထားတဲ့ ဗိုလ်ချုပ်ကြီး ဆမ်မြူရယ်လ်ပါပါရိုက ပြောပါတယ်။

၂၀၂၇ ခုနှစ်မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရေး အသင့်ပြင်ထားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်စစ်တပ်ကို ညွှန်ကြားခဲ့တယ်လို့ အမေရိကန် ထောက်လှမ်ရေးအဖွဲ့က ပြောပါတယ်။

ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ယခုလတွေအတွင်း သိသာထင်ရှားလာ တယ်လို့ အမေရိကန် ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ လက်အောက်ခံပြည်နယ်တစ်ခုလို့ ပြောပေမယ့် ထိုင်ဝမ်က အချုပ်အချာအာ ဏာပိုင်နိုင်ငံလို့ ဆိုပြီး ထိုင်ဝမ်ပြည်သူတွေဟာ မိမိအနာဂတ်ကို ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

တရုတ်စစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ ထိုင်ဝမ်ကို ရုတ်တရက် တိုက်ခိုက်မှုပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ဆမ်မြူရယ်လ်ပါပါရိုက သတိပေးပါတယ်။

ကမ္ဘာ့တိုင်းပြည်အများစုလိုမျိုး အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို တရားဝင် အသိအမှတ်မပြုသော်လည်း အ ဆိုပါကျွန်းနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ထားသလို အကြီးမားဆုံး စစ်လက်နက်ထောက်ပံ့သူလည်း ဖြစ် ပါတယ်။

တရုတ်က ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားသူ လီရှန်တေး ထိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် အဆိုပါကျွန်းဝန်းကျင်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့
ပါ တယ်။

ကိုးကား – Newsweek
Ref; US Admiral Warns China Could Launch Surprise Attack From Military Drills

#Ayeyarwaddy_Times