
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
ထိုင်းနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းတွေသာ တွေ့ ရှိနိုင်တဲ့ အဖြေတစ်ခုမှတစ်ဆင့် အိန္ဒိယနဲ့ လက်တွဲဆောင်ရွက်ရမယ်လို့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာ ဆတ်ခ်ဖောင်ကတ်ကီယိုက ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်စဉ်တွေက ထိုင်းနဲ့အိန္ဒိယကို သက်ရောက်မှုဖြစ်စေခဲ့တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ် ပန်ပရီဘာဟက်ဒါနူကာရာ ဉီးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ရဲ့ တရားဝင်ခရီးစဉ်မှာ ပါ ဝင်တဲ့ ဆီဟာဆတ်ခ်က ပြောပါတယ်။
ဒေသတွင်းတိုင်းပြည်တွေဟာ ရွေးချယ်စရာမရှိပေမယ့် မြန်မာပဋိပက္ခ ဖြေရှင်းနိုင်မယ့် အာဆီယံ ဘုံသ ဘောတူညီချက် ၅ ရပ် ဖော်ဆောင်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေရမယ်လို့ သူက ဆိုပါတယ်။
“အဆုံးသတ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်ဖို့ ကျွန်တော်တို့ ကူညီရ မှာဖြစ်ပါတယ်” လို့ အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ (ICWA) မှာ မိန့်ခွန်းတစ်ခုပြောကြားရာမှာ သူက ထည့်သွင်းပြော ပါတယ်။
ပြင်ပနိုင်ငံတွေက မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ အများကြီး လုပ်ဆောင်နိုင်သလို ပြည်တွင်းက အဖွဲ့အ စည်းတွေက ပြဿနာကို ဖြေရှင်းရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာ့ရေးလိုမျိုး ပြည်တွင်းရေးရာနဲ့ပတ်သက်လို့ ဆွေးနွေးတာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံကို ခက်ခဲ သော အခြေအနေပြင်ပရောက်အောင် ကူညီပေးဖို့ ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာ့အရေးဟာ အဆုံးမသတ်နိုင်ဘဲ ၃ နှစ်ကြာ ကြာမြင့်လာခဲ့ပြီဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဖြေရှင်းမှသာ ပြေလည်နိုင်မယ်လို့ သူက ထောက်ပြပါတယ်။
ကိုးကား – The Hindustan Times
Ref; Thailand, India have to work together to address Myanmar crisis: Vice minister