ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
ဧရာ၀တီတိုင်း ငပုတောမြို့နယ် ရှိကျေးရွာများတွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ရွေးချယ်ထားသူများအတွက် ထောက်ပံငွေကို ပြည်သူများထံမှ လိုက်လံကောက်ခံနေကြောင်းသိရသည်။
“ကိုယ့်ရွာက ပြည်သူ့စစ်၀င်တဲ့လူကို ကိုယ့်တာ၀န်ယူရမယ်တဲ့။ အဲလိုမဟုတ်ရင် သူတို့အစား သွားနိုင်လားဆိုပြီး အုပ်ချုပ်ရေးမှူးတွေ က ပြောတော့ မရှိလဲထည့်ရတာပဲလေ ဘာတတ်နိုင်မလဲ”ဟု ဒေသခံကျေးရွာသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိ ဒေသခံများထံမှ ထောက်ပံကြေးကောက်ခံနေသော ရွာများမှာ ငပုတောမြို့နယ်ရှိကမ်းနီ၊တမန်ချောင်း၊ဟင်းအိုး ချောင်း၊ကွင်းချောင်း ကျေးရွာအုပ်စုများတွင် လိုက်လံကောက်ခံနေကြောင်းသိရသည်။
ကျေးရွာအတွင်းရှိ အိမ်ခြေအလိုက် ကောက်ခံ နေပြီး အိမ်ခြေနည်းပါးသည့်ရွာများတွင်တစ်အိမ်၄၀၀၀ကျပ်၊ အိမ်ခြေများသည့်ကျေးရွာများတွင်တစ်အိမ်၂၀၀၀ကျပ်နူန်း ကောက်ခံပြီး ပြည်သူ့စစ်သင်တန်း တက်သူတစ်ဦးကို တစ်သိန်းခွဲကျပ် ထောက်ပံမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဖေဖော်ဝါရီလအတွင်း ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်သင်တန်းတက်ရန်အတွက် အသက် ၃၀နှင့် ၅၀နှစ် ကြားအမျိုးသားများကို တစ်ရွာလျှင် သုံးဦး ရရှိရန်အတွက် အုပ်ချုပ်ရေးမှုးများက မဲနိူက်ခိုင်းပြီး မဲပေါက်သူများကို ပြည်သူ့စစ်အဖြစ် စာရင်းပြုလုပ်ကာ စစ်ကောင်စီထံ ပေးပို့ရခြင်း ဖြစ်သည်။
#ငပုတောမြို့နယ် #ပြည်သူ့စစ်သင်တန်း #ပြည်သူများထံမှငွေကောက် #ထောက်ပံ့ #Ayeyarwaddy_Times