
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
ရုရှား-ယူကရိန်းစစ်ပွဲ (၃) နှစ်ထဲ ဝင်ရောက်လာချိန်မှာ ယူကရိန်းစစ်တပ်ရဲ့ လက်နက်ကြီးစွမ်းရည်တွေကို အဆင့်မြှင့်တင်ပေးမယ့် ဒေါ်လာ သန်း (၃၁၀) ထောက်ပံ့ပေးဖို့ ဗြိတိန်နိုင်ငံက ကတိပြုလိုက်ပါတယ်။
“ဗြိတိန်နိုင်ငံရဲ့ စတာလင်ပေါင် သန်း ၂၅၀ နီးပါး ငွေကြေးမတည်မှုက ယူကရိန်းရဲ့ လက်နက်ကြီးစနစ်ကို အဆင့်မြှင့်တင်ပေးမှာဖြစ်သလို တော်ဝင်လေတပ်ဖွဲ့က ခေတ်မီ တင့်ဖျက်ဒုံးတွေ ပေးပို့ခဲ့ပါတယ်။ ပူတင် ကျဆုံးပြီး ဒီမိုကရေစီ အောင်ပွဲရမှာပါ” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်ရှတ်ပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
“ယူကရိန်းစစ်တပ်က ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုရဲ့ စစ်ရေယာဉ် ၃၀ ရာခိုင်နှုန်းကို ဖျက်ဆီးခဲ့ပြီး ထောင်နဲ့ချီတဲ့ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ ပျက်စီးခဲ့ရပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗြိတိန်နိုင်ငံက တပ်သားသစ် (၆၀၀၀၀) ကျော်ကို လေ့ကျင့်ပေးခဲ့ပြီး စီးပွားရေး၊ လူသားချင်းစာနာမှုနဲ့ စစ်ရေးအကူအညီ စတာလင်ပေါင် ၁၂ ဘီလီယံနီးပါး ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းစစ်တပ်သို့ Brimstone တင့်ဖျက်ဒုံးကျည် ၂၀၀ ထပ်မံ ပေးအပ်မယ်လို့ မကြာသေးမီက လွှတ် တော်သို့ပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း ဂရန့်ရှတ်ပ်က ကြေညာခဲ့ရာ စုစုပေါင်း ဗြိတိန်က ထောက်ပံ့တဲ့ ဒုံး ကျည်အရေအတွက်ဟာ (၁၃၀၀) အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ယူကရိန်းသို့ ခေတ်မီဒရုန်းတွေ ထောက်ပံ့ပေးမယ့် နိုင်ငံတကာမဟာမိတ်အဖွဲ့ကို ဗြိတိန်က လတ်ဗီးယား နိုင်ငံနဲ့အတူ ပူးတွဲ ဉီးဆောင်မယ်လို့ သူက ဆိုပါတယ်။
ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ ယူကရိန်းသို့ စစ်ရေးမဟုတ်တဲ့ ပံ့ပိုးကူညီမှုဟာ ငွေ ကြေးအကူအညီ စတာလင်ပေါင် ၄ ဒသမ ၁ ဘီလီယံနဲ့ နှစ်နိုင်ငံကြားအကူအညီ စတာလင်ပေါင် သန်း ၆၆၀ အပါ အဝင် စုစုပေါင်း စတာလင်ပေါင် ၄ ဒသမ ၇ ဘီလီယံ ရှိလာခဲ့ပြီလို့ သိရပါတယ်။
ကိုးကား – Anadolu
Ref; UK commits $310M to boost Ukraine’s artillery reserves amid ongoing war