ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

ထိုင်းနိုင်ငံမှာ မြန်မာစစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ယင်းသို့သော တက် ကြွလှုပ်ရှားသူတွေကို အခြားမြန်မာရွှေ့ပြောင်းအခြေချသူနဲ့ မတူညီအောင် ဆက်ဆံသင့်တယ်လို့ ထိုင်း ကာကွယ် ရေးဝန်ကြီး Sutin Klungsang က ပြောပါတယ်။

“လက်ရှိမှာ အထူး စိုးရိမ်စရာမရှိပါဘူး။ ထိုင်းနိုင်ငံတွင်း ထွက်ပြေးလာတဲ့ မြန်မာရွာသားအရေအတွက် ဟာ အလွန်မများဘဲ မကြာမီ သူတို့နေရပ်ပြန်မယ်လို့ မျှော်မှန်းရပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ မကြာသေးမီက စစ်မှုထမ်းဉပဒေ ကြေညာခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေ ထိုင်း နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတဲ့လက္ခဏာမရှိဘူးလို့ ၎င်းက ပြောပါတယ်။

သောကြာနေ့က တက်ခ်ခရိုင်၊ မဲဆောက်မြို့အနီး Ban Mae Kon Ken ရှိ Seksan လို့ခေါ်တဲ့ စစ်စခန်း တစ်ခုကို သွားရောက်လည်ပတ်စဉ်အတွင်း Sutin က အခုလို ပြောကြားခဲ့တာပါ။

နယ်စပ်လုံခြုံရေးသာမက မူးယစ်မှောင်ခိုကူးမှုလိုမျိုး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

“လက်ရှိမှာ သိသာတဲ့ ခြိမ်းခြောက်မှုတစ်ခုမဟုတ်တဲ့ မြန်မာစစ်ကောင်စီကို တိုက်ခိုက်ဖို့ ရန်ပုံငွေတွေ ကောက်ခံနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထိုင်းမြေပေါ်က လှုပ်ရှားမှုတွေကို ထိုင်းအစိုးရနဲ့ လုံခြုံရေးအာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတိုင်း စစ်ကောင်စီကို ဆန့်ကျင်သူတွေလို့ ယူဆလို့မရကြောင်း ၎င်းက ဆိုပါတယ်။

အရေးယူဖို့ လိုအပ်လာရင် မြန်မာစစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ကိုင်တွယ်ဖြေရှင်းမယ့် သီးခြားလုပ်ထုံးလုပ်နည်းတွေ ထိုင်းအစိုးရက ချမှတ်ထားတယ်လို့ သူက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar influx ‘no cause for concern’

#Ayeyarwaddy_Times