ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

ယီမင်နိုင်ငံအခြေစိုက် ဟူသီစစ်သွေးကြွအဖွဲ့က အေဒင်ပင်လယ်ကွေ့အတွင်း ဗြိတိန်ပိုင် ကုန်တင်သင်္ဘော တစ်စင်းကို နစ်မြုပ်ပစ်ခဲ့ပြီး သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် ဗြိတိန်နိုင်ငံပိုင် ကုန်တင်သင်္ဘောပေါ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ တယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ကုန်တင်သင်္ဘောကို ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး လူတစ်ဉီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ အမေ ရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။

သီးခြားဖြစ်စဉ်တစ်ခုအနေနဲ့ အမေရိကန်စစ်လေယာဉ်တစ်စင်းနဲ့ မဟာမိတ်အဖွဲ့ရဲ့ စစ်သင်္ဘောတစ်စင်း က ပင်လယ်နီအတွင်း ဟူသီအဖွဲ့ရဲ့ ဒရုန်းခြောက်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါ တယ်။

ဟူသီအဖွဲ့ရဲ့ဒရုန်းတွေဟာ အမေရိကန်နဲ့ မဟာမိတ်အဖွဲ့ရဲ့သင်္ဘောတွေကို ပစ်မှတ်ထားခဲ့ဖွယ်ရှိတယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

ဟူသီအဖွဲ့က ပင်လယ်နီနဲ့ အနီးအနားရေပိုင်နက်အတွင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမယ်လို့ အဖွဲ့ ခေါင်းဆောင် အဗ္ဗဒူလ်မာလစ်ခ်အယ်လ်ဟူသီက ရုပ်သံထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အီရန်နိုင်ငံကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ဟာ ဂါဇာဒေသရှိ ဟားမာစ်အဖွဲ့နဲ့ မဟာမိတ်ပြုထားပြီး နိုဝင်ဘာလနောက်ပိုင်း အရေးပါသော ရေလမ်းကြောင်းရှိ ကုန်တင်သင်္ဘောတွေကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပါ တယ်။

ကိုးကား – NHK
Ref; Houthis claim attack in Gulf of Aden set UK ship ablaze

#Ayeyarwaddy_Times