
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ဒီလအတွင်း စစ်မှထမ်ဥပဒေ ပြဌာန်းပြီးနောက် မြန်မာစစ်ကောင်စီဟာ အရပ်သားတွေအတွက် ပိုမိုကြီး မားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူက ပြောပါတယ်။
စစ်မှုထမ်းဥပဒေဟာ စစ်ကောင်စီရဲ့ အားနည်းချက်နဲ့ ကြံရာမရဖြစ်မှုကို ပြသတဲ့လက္ခဏာဖြစ်ပြီး မြန်မာ နိုင်ငံတစ်ဝှမ်း ပြည်သူတွေကို ကာကွယ်ပေးမယ့် နိုင်ငံတကာရဲ့ ပိုမိုပြင်းထန်သော အရေးယူမှုတွေလုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးက တောင်းဆိုလိုက်ပါတယ်။
“သွေးရူးသွေးတန်းဖြစ်ပြီး ကြံရာမရဖြစ်နေတဲ့ မြန်မာစစ်ကောင်စီဟာ အလွန်အမင်း အန္တရာယ်ကြီးမား နေဆဲဖြစ်ပါတယ်။ တပ်ဖွဲ့တွေ ဆုံးရှုံးမှုနဲ့ တပ်သားသစ်စုဆောင်းရာမှာ စိန်ခေါ်မှုတွေရှိနေတာဟာ တိုင်းပြည်တစ် ဝှမ်း ကြောက်မတ်ဖွယ်ရာ တိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် စိန်ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီက လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို စစ်တပ်ထဲမှာ အဓမ္မ စစ်မှုထမ်းခိုင်းတာကြောင့် အင်အားပြင်းလက်နက်တွေ အသုံးပြုပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်” လို့ ၎င်း က ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုမရှိတာကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ စစ်ကောင်စီရဲ့ စစ်လက် နက်နဲ့ ဝင်ငွေရပေါက်တွေကို လျှော့ချနိုင်မယ့် အစီအမံတွေ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်ဥပဒေ အသက်သွင်းဖို့ဆုံးဖြတ်ချက်ဟာ တိုင်းပြည်အနှံ့အပြားရှိ ပြည်သူတွေ ကြုံ တွေ့နေရတဲ့ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ဆောင်တဲ့ ကြိုးပမ်းမှုတစ်ရပ်လို့ အန်ဒရူးက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း စစ်တပ်ထဲဝင်ဖို့ မြန်မာလူငယ်တွေဟာ မြို့ပြလမ်းမတွေမှာ ပြန်ပေးဆွဲခံရပြီး ကျေးရွာသားတွေဟာ ပေါ်တာ သို့မဟုတ် လူသားဒိုင်းကာအဖြစ် အသုံးပြုခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“လူငယ်တွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်တွေမှာ အဓမ္မ ပါဝင်စေနိုင်မှုကြောင့် ကြောက်ရွံ့နေကြပါ တယ်။ စစ်မှုထမ်းဉပဒေကို ရှောင်လွှဲဖို့ နယ်စပ်ဖြတ်ကျော်သူ အရေအတွက်ဟာ သေချာပေါက် မြင့်တက်လာမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
“စစ်ကောင်စီကို ထီးတည်းဖြစ်စေဖို့နဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်း က အရေးတကြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – https://www.ungeneva.org
Ref; Myanmar: Mandatory conscription shows junta’s ‘desperation’, rights expert says