ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ဖေဖော်ဝါရီလ ၂၂ ရက်က ရုရှား ဂျက်တိုက်လေယာဉ်တစ်စင်းကို ဖျက်ဆီးခဲ့ရာ တစ်ပတ်အတွင်း ရုရှား တိုက်လေယာဉ် (၇) စင်းကို ပစ်ချနိုင်ခဲ့တာလို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။
ယူကရိန်းက ရုရှားရဲ့ Su-34 ဗုံးကြဲလေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့ရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလက်ရှ်ချတ်ခ်က ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ Su-34 ဂျက်တိုက်လေယာဉ်ကို တိုင်းပြည်အရှေ့ပိုင်းမှာ ပစ်ချခဲ့ပြီး ရက်သတ္တပတ်အတွင်း ရုရှား ဂျက်တိုက်လေယာဉ် (၇) စင်းကို ဖျက်ဆီးနိုင်ခဲ့တာလို့ ယူကရိန်းလေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အတည် ပြုပါတယ်။
Su-34 ဟာ ရုရှားနိုင်ငံရဲ့ အကောင်းဆုံး ဗုံးကြဲတိုက်လေယာဉ်လို့ ယူဆရပြီး ခေတ်မီဆင်ဆာစနစ်နဲ့ လက်နက်စနစ်ကြောင့် အချိန်တိုအတွင်း ပစ်မှတ်တွေကို ခြေရာခံကာ တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။
Su-34 ဟာ ရုရှားနိုင်ငံရဲ့ ဈေးအကြီးဆုံး ဂျက်တိုက်လေယာဉ်တစ်မျိုးဖြစ်ပြီး တစ်စင်းလျင် ဒေါ်လာ ၃၆ သန်း တန်ကြေးရှိတယ်လို့ The Kyiv Post သတင်းစာက ဖော်ပြပါတယ်။
ယူကရိန်းက ရုရှားထက် အိုမင်းသောလေယာဉ်တွေ ပိုင်ဆိုင်ထားပေမယ့် စစ်ပွဲမှာ ရုရှားလေယာဉ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကန့်သတ်နိုင်ခဲ့ပါတယ်။
ရုရှားကို အနိုင်ရဖို့ ယူကရိန်းစစ်တပ်ဟာ တာဝေးပစ်ဒုံးကျည်တွေ ပိုမို လိုအပ်တယ်လို့ ယူကရိန်းဝန်ကြီး ချုပ် ဒင်းနစ်ရှမီဟဲလ်က ပြောပါတယ်။
ကွန်ဂရက်က မကြာမီ စစ်ရေးအကူအညီမယ့် ရန်ပုံငွေကို အတည်မပြုရင် မေလလွန်လျင် ယူကရိန်း၊ ဉ ရောပနဲ့ အာဖရိကသို့ ကူညီနိုင်တော့မှာမဟုတ်ဖူးလို့ အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောကြားပြီးနောက် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
ကိုးကား – Business Insider
Ref; Ukraine took out another Russian fighter jet, bringing its kill streak to 7 in a week