ဧရာဝတီတိုင်းမ်
(မီဇိုးရမ်)၊ ဖေဖော်ဝါရီ ၂၂ ရက်

အိန္ဒိယနိုင်ငံ၊ မီီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင်၊ Sihhmui(ဆမွီး)စစ်ရှောင်စခန်း Camp-၂ တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဂက်စ်အိုး(Gas) မတော်တဆပေါက်ကွဲမှုကြောင့် စစ်ရှောင်နေအိမ်စုစုပေါင်း ၈ လုံးမီးလောင်ပြာကျသွားကြောင်းသိရသည်။

“မီးကတော့ ငြိမ်းပါပြီ။ ဝါး၊ မိုးကာနဲ့ ဆောက်ထားတဲ့အတွက် တစ်နာရီအတွင်းမှာ ၈ အိမ်လောင်သွားတယ်။ မီးဆက်မကူးဖို့အတွက် နေအိမ်တလုံးကိုတော့ ဖျက်လိုက်တယ်” လို့ ဆမွီးစစ်ဘေစရှောင်စခန်း- ၂ မှ စစ်ရှောင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူအများစုနေထိုင်ကြပြီး စစ်ဘေးရှောင်နေအိမ်စုစုပေါင်း ၇၀ ကျော်ရှိကြောင်းသိရသည်။

ပုံစာ- မီးလောင်နေသော စမွီးစစ်ဘေးရှောင်စခန်း။
#မီဇိုရမ်ပြည်နယ် #Sihhmuiစစ်ဘေးရှောင်စခန်း၂ #စစ်ရှောင်နေအိမ်ရှစ်လုံး #မီးလောင်ပြာကျ
#Ayeyarwaddy_Times