ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
အမေရိကန် အာဏာပိုင်တွေဟာ အီရန်နိုင်ငံကအသုံးပြုမယ့် နျူကလီးယားလက်နက်တွေ မြန်မာနိုင်ငံက နေ မှောင်ခိုကူးဖို့ ကြံစည်မှုနဲ့ ဂျပန် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဉီးကို တရားစွဲဆိုလိုက်တယ်လို့ တရားရေးဝန် ကြီးဌာနက ပြောပါတယ်။
အသက် ၆၀ နှစ်အရွယ် တာကေရှီအီဘီဆာဝါနဲ့ အသက် ၆၁ နှစ်အရွယ် ဆွမ်ဖော့ဖ်ဆင်ဟာဆီရီတို့ဟာ အီရန်နိုင်ငံက နျူကလီးယားလက်နက်တွေပြုလုပ်ရာမှာ အသုံးပြုမယ့် ယူရေနီယမ်၊ ပလူတိုနီယမ်တွေနဲ့ မြန်မာနိုင် ငံမှ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေကို မှောင်ခိုကူးခဲ့တယ်လို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန အကြီးအကဲ အန်နီ မီလ်ဂရမ်က ပြောပါတယ်။
အမေရိကန်အာဏာပိုင်တွေက ၎င်းတို့နှစ်ဉီးစလုံးကို ထိန်းသိမ်းထားတယ်လို့ အဆိုပါဌာနက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။
အီဘီဆာဝါဟာ လက်နက်ထုတ်လုပ်နိုင်တဲ့ နျူကလီးယားပစ္စည်းတွေနဲ့ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးတွေ ရောင်းချကာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ကိုယ်စား စစ်လက်နက်တွေ ဝယ်ယူခဲ့တယ်လို့ စွပ်စွဲခံထားရ ကြောင်း လက်ထောက်ရှေ့နေချုပ် မတ်သယူးအိုစလန်က ပြောပါတယ်။
အဆိုပါပုဂ္ဂိုလ်နှစ်ဉီးကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက်ပြစ်မှုတွေနဲ့ ၂၀၂၂ ခု နှစ်အတွင်း တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။
ကိုးကား – Reuters
Ref; US charges Japanese crime leader with trafficking nuclear materials from Myanmar