ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ရုရှားထုတ် ဇိမ်ခံကား Aurus Senat တစ်စင်း လက်ဆောင်ပေးခဲ့တယ်လို့ ရုရှားသမ္မတရုံးက ကြေညာပါတယ်။

ပူတင်က ကင်ဂျုံအန်ကို ဇိမ်ခံကားတစ်စင်း လက်ဆောင်ပေးတာကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီမတ်ဗီဒတ်ဗ်က အတည်ပြုခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေး တိုးမြှင့်မှုလက္ခဏာအဖြစ် ပူတင်ထံမှ ဇိမ်ခံကားတစ်စင်း လက် ခံရရှိခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။

ပူတင်ရဲ့လက်ဆောင် ဇိမ်ခံကားကို ဖေဖော်ဝါရီလ ၁၈ ရက်က အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မ တီ အတွင်းရေးမှူး ပတ်ခ်ဂျောင်ချွန်နဲ့ ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျောင်တို့ထံ ပေးအပ်ခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားနိုင်ငံသို့ ဇိမ်ခံပစ္စည်းတွေ ထောက်ပံ့ မှု ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ၊ Amur ဒေသမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပူတင်က ကင်ဂျုံအန်ကို သူ့ရဲ့ဇိမ်ခံကား Aurus Senat ကို ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားသို့ ယူကရိန်းကိုတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ထောင်နဲ့ချီ တဲ့ အမြောက်ကျည်တွေ ပေးပို့ခဲ့တယ်လို့ ယူဆရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နိုဝင်ဘာလကုန်မှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ပထမဆုံးအကြိမ် သူလျှို ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်ရာမှာ ရုရှားနိုင်ငံရဲ့အကူအညီ ရယူခဲ့တယ်လို့ ယူဆရပါတယ်။

၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး စေ့စပ်ညှိနှိုင်းမှုများ မအောင် မြင်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံဟာ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်ခဲ့ကာ မရေမတွက်နိုင်သော ဒုံးကျည်စမ်း သပ်မှုတွေ ပြုလုပ်ခဲ့ပြီး တရုတ်၊ ရုရှားတို့နဲ့ နီးကပ်သောဆက်ဆံရေး ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ကိုးကား – La Prensa Latina
Ref; Russia’s Putin gifts luxury car to North Korea’s Kim Jong-un

#Ayeyarwaddy_Times