
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ များပြားလာသဖြင့် ရုံးလုပ်ငန်းဆိုင်ရာဘေးကင်းလုံခြုံရေးအတွက် ဗီဇာလျှောက်ထားမှုကို အွန်လိုင်းစနစ် (VABO) တစ်ခုတည်းသာအသုံးမည်ဖြစ်ပြီး လူကိုယ်တိုင် လျှောက်ထားမှုကိုဖျက်သိမ်းမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်း ထုတ်ပြန်သည်။
ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာအတွက် လူကိုယ်တိုင်လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ထိုင်းသံရုံးတွင်လူကိုယ်တိုင်ဗီဇာ လျှောက်ထားနိုင်ကြောင်း ကြေညာပြီးနောက် ရုံးလုပ်ငန်းဆိုင်ရာဘေးကင်းလုံခြုံရေးအရဟုဆိုကာ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ အွန်လိုင်းစနစ်အသုံးပြုပြီး ဗီဇာကြိုတင်ရက်ချိန်း တောင်းယူရာတွင်အဆင်ပြေသဖြင့် အွန်လိုင်းမှ တဆင့် ရက်ပေါင်း ၃၀ အတွက် တစ်ရက်လျှင် တိုကင် ၄၀၀ လက်ခံမည်ဖြစ်ပြီး စုစုပေါင်းတစ်လလျှင် လျှောက်ထားသူ ၁၂၀၀၀ ကျော်လက်ခံမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
“ ထိုင်းသံရုံဗီဇာ ဝင်တာလွယ်ပါတယ်။ ကိုယ်တိုင်လုပ်တာ သိပ်မကြာဘူး။ သွားချင်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေအတွက်လုပ်ပေးလို့ရတယ်။ သူတို့ passport က နာမည်နဲ့ သံရုံးဝင်မယ့်ရက်ကိုရွေးပြီးရင် ဘာဗီဇာလဲ ခရီးသွားလား။ ကျန်းမာရေးလားရွေးရုံပဲ” ဟု အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်ဗီဇာရက်ချိန်းလျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကိုမှန်ကန်စွာစစ်ဆေးမည်ဖြစ်ပြီး Passport တစ်ခုလျှင် တစ်ကြိမ်သာလျှောက်ထားနိုင်မည်ဖြစ်ပြီး ရက်ချိန်းအတည်ပြုစာမျက်နှာကို Screenshot ရိုက်ထားရမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထိုင်းသံရုံးဗီဇာရက်ချိန်းယူရသည့် ဝဘ်ဆိုက်တွင် ရက်ချိန်းရွေးယူရာတွင် အစိမ်းရောင်ပြထားသည့်နေရာများက ရက်ချိန်းယူနိုင်သည့် နေရက်များဖြစ်ပြီး အနီရောင်ပြထားသည့်နေ့ရက်များသည် ရက်ချိန်းမရနိုင်သည့် အချိန်များ ဖြစ်ကြောင်း အဆိုပါ ဝဘ်ဆိုက် (thaiconsularyangon) တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ထိုင်းသံရုံး
#ထိုင်းသံရုံး #ဗီဇာ #စနစ်ပြောင်း #အွန်လိုင်းမှတင်ရမည် #ရန်ကုန် #Ayeyarwaddy_Times