
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အရှေ့ပိုင်းရှိ ခါကတ်ဗ်ဒေသ၊ ရှေ့တန်းစစ်မျက်နှာပြင်ရှိ တပ်ဖွဲ့တွေထံ သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ဇီလန်စကီးဟာ တနင်္လာနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အမာခံခံစစ်နယ်မြေဖြစ်တဲ့ Kupiansk ကို သွားရောက်ခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ကြေညာခဲ့ပါတယ်။
တပ်မှူးတစ်ဉီးက ဒေသတွင်း ယူကရိန်းတပ်ဖွဲ့တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဆောင်ရွက်နေမှုကို ဇီလန်စကီးအား ရှင်းလင်းတင်ပြခဲ့ပြီး ဇီလန်စကီးက စစ်သည်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။
ဇီလန်စကီးရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ခရီးစဉ်က ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်းပေးတဲ့ ကြိုးပမ်းမှုတစ်ခုလို့ ရှုမြင်နေကြပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုးနက်ခ်ဒေသရှိ Avdiivka မြို့မှာ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာကြောင်း ကြေ ညာပြီးနောက် ဇီလန်စကီးက ရှေ့တန်းတပ်ဖွဲ့တွေထံ သွားရောက်လည်ပတ်ခဲ့တာပါ။
ရုရှားနိုင်ငံဟာ Avdiivka မြို့ကို သိမ်းပိုက်ပြီးနောက် ဒိုးနက်ခ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် ကြိုး ပမ်းမှုတွေ အရှိန်မြှင့်လျက်ရှိပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းသို့ နောက်ထပ်တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ လက်ရှိမှာ ရုရှား လုံခြုံရေးကောင်စီ ဉက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒတ်ဗ်က ပြောပါတယ်။
နှစ်သစ်ကူးနေ့နောက်ပိုင် စစ်ဘက်တာဝန်ထမ်းဆောင်ဖို့ ပြည်သူ ၅၃၀၀၀ ကို ဆင့်ခေါ်ခဲ့တယ်လို့ ရုရှား နိုင်ငံတောင်ပိုင်း ချေချင်းညှာဒေသသို့သွားရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Ukraine’s Zelenskyy visits front-line soldiers in east of country