
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ထောင့်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ရော့ကတ်ဒုံးများဖြင့်ပစ် ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။
တော်လှန်ရေး အင်အားစုများ တပ်ပေါင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်ကောင်စီ၏ ကန်ထောင့်ရဲစခန်းကို ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တို့အညာတော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် သွေးမြေကျခဲ့ရသည့် ၃ နှစ်ပြည့်အနေဖြင့် အဆိုပါမစ်ရှင်ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တမလွန်က အကြွေးတောင်းပွဲ၊ ကျဆုံးရဲဘော်တွေရဲ့ ဆန္ဒကို ခုရှိနေတဲ့ရဲဘော်များက စုပေါင်းဖြည့်တဲ့ ပွဲပါ။ မနိုဘယ်အေးနာမည်ကိုလည်း ရေးထိုးပြီး ရော့ကတ်နဲ့ ချခဲ့ပါတယ်”ဟု ရဲဘော်အညာသားက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရော့ကတ်နှင့် ဒရုန်းဗုံးများ၌ လူထုဆန္ဒပြပွဲများ အတွင်း စစ်ကောင်စီ၏လက်ချက်ဖြင့် သေဆုံးခဲ့သည့် ဆန္ဒပြပြည်သူများ၏ နာမည်များကိုရေးထိုး၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါရဲစခန်း တိုက်ခိုက်ခြင်းကို တို့အညာတော်လှန် ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပကဖ၊ လင်းယုန်နက် ရော့ ကတ်အဖွဲ့၊ ယောဧရာရော့ကတ်အဖွဲ့၊ K7 Drone Force၊ ဒေါင်းညီနောင်တပ်ဖွဲ့၊ သပြေတောပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဗမာ့လွတ် မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF နှင့် ABSDF အမှတ် ၁၄ တပ်ရင်းတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ကန်ထောင့်ရဲ စခန်းထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုစာရင်းအတိအကျကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-တို့အညာတော်လှန်ရေးတပ်ဖွဲ့
ပုံစာ-ကန်ထောင့်ရဲစခန်းကို ပစ်ခတ်ခဲ့သည့် ရော့ကတ်များနှင့် ဒရုန်းဗုံးများ
#စစ်ကိုင်း #ပုလဲ #ကန်ထောင့်ရဲစခန်း #ရော့ကတ် #ဒရုန်းဗုံးကြဲချ #တိုက်ခိုက်ခံရ #PDF #တို့အညာတော်လှန်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times