ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ယူကရိန်းနိုင်ငံသို့ ထပ်တိုး စစ်ရေးအကူအညီ ပေးအပ်နိုင်မယ့် အရေးပေါ်သုံးစွဲရေးဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကွန်ဂရက်ကို တိုက်တွန်းလိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အိမ်ဖြူ တော်က စနေ့နေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ရုရှားစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့်တင်လျက်ရှိရာ ယူကရိန်းနိုင်ငံအရှေိ့ပိုင်းရှိ အရေးပါ သော Avdiivka မြို့တော်မှ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာရမှုကိုလည်း ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။

အမေရိကန်ကွန်ဂရက်ရဲ့ စစ်ရေးအကူအညီ ထောက်ပံ့ပေးမယ့်ဉပဒေ အတည်ပြုပေးဖို့ ကြန့်ကြာမှု ကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်တွေက ခဲယမ်းမီးကျောက်တွေ အကန့်အသတ်နဲ့ သုံးစွဲခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ပမာဏအများဆုံး ထောက်ပံ့ပေးတဲ့တိုင်း ပြည် ဖြစ်ခဲ့ပါတယ်။

ရီဗက်ပလီကင်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် အမေရိကန်ကွန်ဂရက်က အရေးပေါ်သုံးစွဲရေးဉပဒေ ကြမ်းကို အတည်မပြုရသေးပါဘူး။

ရုရှားကျူးကျော်စစ် ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင်မီ ယူကရိန်းသို့ ပံ့ပိုးကူညီမှု ဆက်လက်ပြုလုပ်မယ့် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကို ဂျိုးဘိုင်ဒင်က အလေးထားပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ကွန်ဂရက်က အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မယ်လို့ ယုံကြည်ကြောင်း ဇီ လန်စကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Biden urges Congress to approve bill to resupply Ukrainian forces

#Ayeyarwaddy_Times