ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ဗန်ကောက်မြို့တော်ရှိ ဇိမ်ခံတိုက်ခန်းတစ်ခုအတွင်း မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဉီး သတ် ဖြတ်ခံရမှုမှာ ပါဝင်တယ်လို့ဆိုတဲ့ နိုင်ငံခြားသားနှစ်ဉီးကို ဖမ်းဆီးနိုင်ရေး ထိုင်းရဲတပ်ဖွဲ့က အင်တာပိုလ်နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

အစောပိုင်းက သတင်းတွေမှာ ဖော်ပြခဲ့သလို စကော့တလန်နိုင်ငံသားတွေမဟုတ်ဘဲ ကင်မရွန်းနိုင်ငံသား တွေဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်ရဲ့ ဘတ်ငွေ ၅ သန်းနဲ့အတူ စင်ကာပူသို့ ထွက်ပြေးသွားခဲ့တယ်လို့ ယုံကြည် ရပါတယ်။

ကင်မရွန်းနိုင်ငံမှ အသက် ၃၂ နှစ်အရွယ် ရော်ဘင်ဆင်ဆာဟာနဲ့ အသက် ၃၆ နှစ်အရွယ် ဗစ်ဆီယိုဒယ် လော့ဒ်တို့ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင် သတ်ဖြတ်ခံရမှုမှာ သံသယရှိသူတွေလို့ ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ တယ်လို့ ရဲသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ကင်မရွန်းနိုင်ငံသားနှစ်ဉီးဟာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေအဖြစ် ဝင်ရောက်ကာ ဖေဖော်ဝါရီလ ၁၀ ရက်က Sathon ခရိုင်၊ သောင်မာဟာမက်ခ်ဧရိယာက တိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၀ နှစ်ခန့်အရွယ် မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို အင်္ဂါနေ့ညပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့တဲ့ ဗန်ကောက်မြို့တော် Sukhumvit ဧရိယာရှိ တိုက်ခန်းကနေ သူတို့နှစ်ဉီး ထွက်ခွာသွားခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံသားနှစ်ဉီးဟာ ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီခန့်က စင်ကာပူကိုထွက်ခွာမယ့် လေယာဉ်စီးရေး ဒွန်မောင်းလေဆိပ်ကိုသွားဖို့ သူတို့နေထိုင်တဲ့တိုက်ခန်းကနေ တက္ကဆီတစ်စီးကို ခေါ်ယူခဲ့ပါတယ်။

အင်္ဂါနေ့ည ၁၁ နာရီ ၃၀ မိနစ်က ရဲတပ်ဖွဲ့ဟာ သတင်းပေးချက်အရ Klong Toey ခရိုင်ရှိ ကွန်ဒိုတစ်ခုကို ရောက်ရှိချိန်မှာ ၂၃ လွှာရှိ အခန်းအတွင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို မျက်နှာ၊ နားနဲ့ ဉီးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

လူသတ်သမားတွေိလို့ သံသယရှိသူတွေကို သူ့ကို သတိမေ့မြောသည်အထိ တိုက်ခိုက်ခဲ့တယ်လို့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်ရဲ့ မွေးစားမိခင်ဆိုသူ မျက်မြင်သက်သေက စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်နဲ့ CCTV ရုပ်သံမှတ်တမ်းတွေအရ အင်္ဂါနေ့ည ၁၀ နာရီ ၂၂ မိနစ်နဲ့ ၁၀ နာရီ ၃၃ မိနစ်ကြားက သေဆုံးသူရဲ့တိုက်ခန်းအတွင်း သေဆုံးသူ၊ သူ့ရဲ့မိခင်နဲ့ ကင်မရွန်းနိုင်ငံသားနှစ်ဉီးသာရှိတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က အခန်းကို စစ်ဆေးရာမှာ သေဆုံးသူရဲ့ မှတ်တမ်းမှတ်ရာတွေ၊ အဝတ်အထည်အိတ်တစ်လုံးနဲ့ ငွေအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ပန်းရောင်အမှုန့်တွေ တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူ မြန်မာလုပ်ငန်းရှင်ဟာ ထိုင်းနိုင်ငံသို့ ပုံမှန်ဆိုသလို လာရောက်လေ့ရှိကြောင်း၊ ဗန်ကောက်၊ ရန်ကုန်နဲ့ ဟနွိုင်းမြို့ကို ၅၂ ကြိမ်အထိ အသွား/အပြန်ပြုလုပ်ခဲ့ကြောင်း သေဆုံးသူရဲ့ မွေးစားမိခင်က ရဲတပ်ဖွဲ့ကို ပြောပါတယ်။

သေဆုံးသူရဲ့ စီးပွားရေးလုပ်ငန်းကို စစ်ဆေးကာ သူ့ရဲ့မှတ်တမ်းတွေနဲ့ပတ်သက်လို့ မြန်မာသံရုံးနဲ့ ညှိနှိုင်း ဆောင်ရွက်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Foreign suspects flee abroad

#Ayeyarwaddy_Times