ဧရာဝတီတိုင်းမ်
​ဖေ​ဖော်ဝါရီ ၁၈ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်အတွင်းသို့စစ်​ကြောင်းထိုးလျက်ရှိ​သော စစ်​ကောင်စီစစ်​ကြောင်းသည် တင်​မော်ရွာအတွင်းရှိ ရွာသား နှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့​ကြောင်းသိရသည်။

ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီ ၁၅ရက်​နေ့က ကန့်ဘလူ​မြောက်ခြမ်း၊ ချပ်သင်းတိုက်နယ်အတွင်း​​မွှေနှောက်စစ်​ကြောင်းထိုး​နေသည့် စစ်​ကောင်စီစစ်​ကြောင်းသည် တင်​မော်ရွာအတွင်းဝင်​ရောက်လာပြီး ​ကျေးရွာရှိ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့​ကြောင်း ကန့်ဘလူ​ဒေသတွင်းသတင်းများ ဖော်ပြ​နေသည့် Infinity group ထံက သိရသည်။

စစ်​ကောင်စီက တင်​မော်ရွာရှိ အသက် (၇၀)အရွယ် ဦးရဲ​ရွှေနှင့် အသက် (၃၅) နှစ်အရွယ် ကို​မောင်ချိုတို့နှစ်ဦးကို ဖမ်းဆီးပြီး ဦးရဲ​ရွှေကို လည်ပင်းကိုကြိုးနှင့်ချည်တုတ်၍ ဝမ်းဗိုက်အား ဓါးဖြင့် ၅ချက်ထက်မနည်းထိုးသွင်းသတ်ဖြတ်ခဲ့ပြီး ကို​မောင်ချိုအား ​ခြေလက်များကို ခုတ်ထစ်ဖြတ်​တောက်ပြီး ဝမ်းတွင်းရှိ ကလီစာများကို အပြင်သို့ဆွဲထုတ်၍ သတ်ဖြတ်ထားခဲ့​ကြောင်းသိရသည်။

“နှစ်​ယောက်လုံးကို ရက်ရက်စက်စက်သတ်သွားတာ တစ်​ယောက်ကိုဆို ​ခြေ​ထောက်​တွေ လက်​တွေကို တစ်စစီခုတ်ပြီးသတ်ထားခဲ့တာ။ စစ်​ကောင်စီစစ်​ကြောင်းထွက်သွားလို့ ရွာထဲပြန်ဝင်ကြည့်တာမှာ အ​လောင်း​တွေ​တွေ့တာ” ဟု ကန့်ဘလူ​ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

တင်​မော်ရွာမှ စစ်​ကောင်စီစစ်​ကြောင်းထွက်သွားသည့် ​ဖေ​ဖော်ဝါရီ ၁၆ရက်​နေ့တွင် ရွာအတွင်း ပြန်လည်ဝင်​ရောက်လာသည့် ​ဒေသခံပြည်သူများက စစ်​ကောင်စီတပ်သတ်ဖြတ်သွားသည့် အဆိုပါ အ​လောင်းနှစ်​လောင်းကို ​တွေရှိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ကန့်ဘလူမှ ​ကောလင်းသို့ စစ်​ကြောင်းထိုးလာသည့် စစ်​ကောင်စီတပ်သည် ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီ ၁၀ရက်​နေ့ကလည်း အင်ငုတ္တိုရွာသား နှစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့​ကြောင်း သိရသည်။

#ကန့်ဘလူ #ချပ်သင်းတိုက်နယ် #တင်​မော်ရွာ #စစ်​ကောင်စီ #ရွာသားနှစ်ဦး #ဖမ်းဆီးသတ်ဖြတ် #Ayeyarwaddy_Times