ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်
စီးပွားရေးမှာ ဦးတည်ချက် ၃ ရပ်ထားပြီးအကောင် အထည်ဖော်ဆောင်ရွက်နေလို့ လာမယ့် ၆ လအတွင်း စီးပွားရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မယ်လို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က တွက်ချက်ပြပြီး သူ့ဘာသာ သုံးသပ် ပြောဆိုသွားပါတယ်။
ဒီကနေ့ သြဂုတ်လ ၁ ရက် မနက် အာဏာသိမ်း ၁၈ လပြည့် စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းရှည်ကြီးမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ ၆ လအတွင်းအလုပ်အကိုင်အခွင့်အလမ်းတွေများစွာပေါ်ပေါက်လာမှာဖြစ်ပြီး အလုပ်လုပ်သူတိုင်း ဝင်ငွေရမယ်လို့လည်း မင်းအောင်လှိုင်က ပြောဆိုသွားပါတယ်။
၄င်းတို့စစ်ကောင်စီတာဝန်ယူခဲ့တဲ့ကာလက ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီလျံရှိခဲ့တယ်လို့လည်းပြောဆိုပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့အားကပြည်တွင်းမှာသာရှိပြီး ပြည် တွင်းအားနဲ့နိုင်ငံတိုးတက်အောင်လုပ်ရမယ်လို့လည်း သူကထပ်မံပြောဆိုသွားပါတယ်။