ဧရာဝတီတိုင်း
သြဂုတ်လ ၁ ရက်

လာမယ့်လတွေအတွင်း ရုရှားရေတပ်ဖွဲ့ရဲ့ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းပေါ်မှာ အသံထက်မြန်တဲ့ Zircon ခရုဇ်ဒုံးကျည်တွေ ဖြန့်ကြက်တော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
မနေ့က စိန့်ပီတာစဘတ်မြို့မှာပြုလုပ်တဲ့ ရုရှား ရေတပ်ဖွဲ့နေ့ အခမ်းအနားတစ်ခုမှ ပူတင်က အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်ဖြန့်ကြက်မယ့်ဧရိယာက ရုရှားနိုင်ငံရဲ့ အကျိုးစီးပွားအပေါ် မူတည်မယ်လို့ သူ က ဆိုပါတယ်။

ရုရှားရေတပ်ဖွဲ့နေ့ အခမ်းအနားမှာ ကာလီဘာခရုဇ်ဒုံးကျည် တပ်ဆင်ထားတဲ့ စစ်ရေယာဉ်တွေ အပါအ ဝင် စစ်သင်္ဘော ၄၀ကျော်၊ တိုက်လေယာဉ် ၄၂ စင်းနဲ့ တပ်ဖွဲ့ဝင် ၃၅၀၀ ပါဝင်ခဲ့ပါတယ်။

ပူတင်က ရေတပ်အင်အားကြီးမားမှုရဲ့ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး ရုရှားနိုင်ငံရဲ့ အချုပ်အ ချာအာဏာနဲ့ လွတ်လပ်မှုအတွက် မည်သည့်ထိပါးမှုကိုမဆို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ရုရှားရေတပ်ဖွဲ့က နယ်စပ်ဒေသတွေမှာဖြစ်စေ ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းက ဘယ်ပစ်မှတ်တွေကိုမဆို မဟာဗျူဟာမြောက်ဒုံးကျည်တွေ ပစ်ခတ်နိုင်တယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒိုးနက်ခ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်မှု တွေ အရှိန်မြှင့်တင်နေပါတယ်။

ဒိုးနက်ခ်ဒေသမှာ ပြည်သူတွေအများစု ဆက်လက်ရှိနေသေးတာကြောင့် ပြည်သူတွေ ဆန္ဒအလျောက် ဘေးလွတ်ရာရွှေ့ပြောင်းနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကြေညာခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေကလည်း တောင်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ရာ ပြီးခဲ့တဲ့ သော ကြာနေ့က ရုရှားတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး တင့်ကားခုနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Putin: Russia to deploy hypersonic missiles in a few months