ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဇန်နဝါရီလ ၁၆ရက်နေ့ နေ့လည်က စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် လူအင်အား၁၀၀၀ခန့်က စစ်မှုထမ်းဥပဒေကိုထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို ဧရာ၀တီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များမှ တပ်မိသားစု၀င်များမှဦးဆောင်ပြီး ယခင်ထောက်ခံပွဲများတွင် နေ့စား ဆန္ဒပြ လိုက်ဖူးသူများကို မြို့နယ်များမှ ကားဖြင့် ခေါ်ဆောင်လာသူများ ပါ၀င်ကြောင်း မြို့ခံများကပြောသည်။

“နတခ ထဲက light truckတွေ နဲ့လာတယ် ကျန်တာတွေကတော့ အရင် နေ့စားနဲ့ပြနေကြရုပ်တွေချည်းပဲ သူတို့ဥပဒေကို သူတို့ပြန်ထောက်ခံကြတာ မြို့ခံတွေ တစ်ယောက်မှ မပါဘူး သိလဲမသိဘူး “ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထောက်ခံပွဲပြုသူများ၏ဘေးတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲများက ဆိုင်ကယ်၊ ကားများဖြင့် လုံခြုံရေးယူပေးနေပြီး ပုသိမ်မြို့ကမ်းနားလမ်း ရူခင်းသာရင်ပြင်ရှေ့တွင် ဟောပြောပွဲပြုလုပ်ကာ စုပေါင်းဓါတ်ပုံရိုက်ပြီး ပြန်သွားကြကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုကြောင်း ကြေငြာခဲ့ပြီးနောက်ပိုင်း ကြိုဆိုထောက်ခံပွဲများကို စစ်တပ်မိသားစုများ စစ်တပ်ထောက်ခံသူများက မြန်မာနိုင်ငံအနှံ လိုက်လံ ပြုလုပ်ခဲ့နေခြင်းဖြစ်သည်။

#ပုသိမ် #မြို့နယ်ပေါင်းစုံ #တပ်မိသားစု #ပြည်သူ့စစ်မှုထမ်းဥပဒေ #ထောက်ခံပွဲပြုလုပ် #Ayeyarwaddy_Times