ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

ဂျာမနီနဲ့ယူကရိန်းကြား လက်မှတ်ရေးထိုးခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လက်နက်ကြီးတွေပါဝင်တဲ့ ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ တန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီပေးဖို့ ဂျာမနီနိုင်ငံက ပြင်ဆင်ထားတယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။

မြူးနစ် လုံခြုံရေးညီလာခံစတင်တဲ့ သောကြာနေ့က ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးနဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့က ဘာလင်မြို့တော်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

“ဂျာမနီနိုင်ငံရဲ့ ယူကရိန်းနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်က သမိုင်းဝင်ဖြစ်ပါတယ်။ သမိုင်းမှာ ပ ထမဆုံးအကြိမ်အဖြစ် ဂျာမနီနိုင်ငံက အာမခံတိုင်းပြည်အဖြစ် ဆောင်ရွက်နေပါတယ်” လို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး ဘောရစ်ပက်စတိုးရီးယပ်စ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

Munich Package လို့ခေါ်တဲ့ ဂျာမနီနိုင်ငံရဲ့ ယူကရိန်းသို့ပေးအပ်မယ့် လုံခြုံရေးအကူအညီမှာ ၁၂၂ မီလီမီ တာ အမြောက်ကျည် ၁၂၀၀၀၀၊ IRIS-T SLS ဒုံးကျည် ၁၀၀ အပြင် SkyNext လေကြောင်းရန်ကာကွယ်ရေးစနစ် ပါဝင်ပြီး ၂၀၂၅ ခုနှစ်ထဲမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ပေးမှု၊ အပိုပစ္စည်းနဲ့ခဲယမ်းမီးကျောက်တွေ အပါအဝင် ဟောင်ဝှစ်ဇာအမြောက်ကြီး ၁၈ လက်ကို ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်မှာ ပေးအပ်သွားမယ်လို့ သိရပါတယ်။

Panzerhaubitze 2000 ဟောင်ဝှစ်ဇာအမြောက်ဟာ ဂျာမနီစစ်တပ်ရဲ့ ထိရောက်မှုအားအကောင်းဆုံး လက်နက်ကြီးတစ်မျိုးဖြစ်ပါတယ်။

အဆိုပါဟောင်ဝှစ်ဇာအမြောက်ဟာ ပုံမှန်လက်နက်ကြီးကျည်နဲ့ ကီလိုမီတာ ၃၀ (၁၈ ဒသမ ၆ မိုင်) အ ကွာရှိ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပြီး ခေတ်မီလက်နက်ကြီးကျည်နဲ့ ကီလိုမီတာ ၁၀၀ အကွာရှိ ပစ်မှတ်တွေကို ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

ကိုးကား – Reuters
Ref; Germany to provide $1.22b military support package to Ukraine

#Ayeyarwaddy_Times