မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

စစ်ရေးပြင်းထန်နေသည့် ရှေ့တန်းစစ်မျက်နှာပြင်များ တွင် တပ်ဖွဲ့၀င်များအသေအပျောက်များသောကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်အတွင်းမှ ထွက်ပြေး လျက်ရှိနေသည့်အတွက် ၎င်းတို့ထွက်မပြေးနိုင်စေရန် တပ်တွင်းမိသားစု အ၀င်အထွက်ကိုပါ ကန့်သတ်လိုက် ကြောင်း သိရသည်။

ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ အသေအဆုံးများနေသည့်အတွက် ရှေ့တန်းမထွက်လိုသော စစ်ကောင်စီတပ်ဖွဲ့က အရာရှိနှင့်တပ်သားများ ထွက်ပြေး မှုများလာသောကြောင့် စစ်ကောင်စီက တပ်တွင်းနေ ထိုင်သည့် မိသားစု၀င်များကိုပါ အ၀င်အထွက်ကို အချိန်နှင့်ကန့်သတ်ထားပြီး လက်မှတ်ထိုး၍ ၀င်ထွက်မှု ပြုလုပ်‌ရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ရှေ့တန်းထွက်ရမည်ဆိုသည့် စာရင်းထွက်လာပြီးနောက် လူလွတ်အရာရှိနှင့်တပ်သားများက ကိုယ် လွတ်ရုန်း ထွက်ပြေးပြီး တပ်အတွင်းမိသားစုရှိပါက မိသားစုကိုတပ်အပြင်သို့ အရင်ပို့ဆောင်ပြီး မိသားစုလိုက် ထွက်ပြေးမှုများရှိနေကြာင်း သိရသည်။

“တပ်ကပြေးရင် မိသားစုပါ ဖမ်းခံနေရတာဆိုတော့ အခုနောက်ပိုင်း တစ်မိသားစုလုံးထွက်ပြေးကြတာတွေရှိလာတယ်။ အဲဒါကြောင့် အခုဆိုအပြင်ထွက်ရင် တစ်မိသားစုလုံး ပေးမထွက်ဘူး။ ထွက်ရင်လည်း ထွက်တဲ့အချိန် ပြန်လာမယ့်ခန့်မှန်းအချိန် လက်မှတ် ထိုးခဲ့ရတယ်။ သူတို့ခွင့်မပြုရင် မသွားရဘူး”ဟု တပ် မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တပ်အတွင်း၌ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်စေလွှတ်ထားသည့် အရာရှိအဖွဲ့နှင့် မူရင်းတပ်အထိုင်အရာရှိများဟူ၍ နှစ်ဖွဲ့ကွဲနေပြီး စေခိုင်းမိန့်များကိုလည်း စစ်ခေါင်းဆောင်စေလွှတ်သည့်အဖွဲ့က ညွှန်ကြားလျက်ရှိပြီး တာ၀န်များကိုအချိန်ကန့်သတ်ရက် နီးကပ်မှပေးသည့်အတွက် တပ်အတွင်းတွင် ဝေဖန်ပြောဆို ဂယက်ရိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားများ တပ်ကိုစွန့်ခွာပြေး ချိန်မရအောင် ထိုကဲ့သို့ အနားနီးကပ်မှအမိန့်ပေးစေ ခိုင်းမှုများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံး မှုများပြားသည့်အပြင် လက်နက်ချ အညံ့ခံထွက်ပြေးမှု များလည်းရှိနေကြောင်း သိရသည်။

အခြေစိုက်နယ်‌မြေမဟုတ်သည့် နေရာများသို့လည်း တပ်ရင်းအလိုက်ပို့ဆောင်ခံရသည့်အတွက် နယ်မြေ ကျွမ်းကျင်မှုမရှိဘဲ တပ်ရင်းလိုက်သေဆုံးနှင့် လက် နက်ချအညံ့ခံမှုများရှိနေပြီး ပြီးခဲ့သည့် မင်းပြားတိုက် ပွဲတွင်လည်း ဘားအံအခြေစိုက် တပ်မ (၂၂) ကို စေလွှတ်ခဲ့ရာ ၄၀ ကျော်သေဆုံးပြီး ၂၈ ဦးပျောက်ဆုံးခဲ့ရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း အထိုင်တပ် ရင်းနှင့် ထပ်မံပို့ဆောင်သည့် စစ်ကူတပ်ရင်းတို့ AA တပ်ဖွဲ့ထံ လက်နက်ချမည့်အဖွဲ့နှင့် စခန်းစွန့်ခွာထွက် ပြေးမည့်အဖွဲ့တို့ အငြင်းပွားသည့်ဖြစ်စဉ်များရှိခဲ့ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပုံစာ-စစ်ကောင်စီတပ်စခန်း ဂိတ်ပေါက် တစ်ခုအားတွေ့ရစဉ်

#စစ်ကောင်စီ #တပ်တွင်းအရာရှိ #တပ်သား #တပ်မိသားစုများ #၀င်ထွက်ခွင့် #ကန့်သတ် #Ayeyarwaddy_Times