ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုဂံမြို့ကိုလာရောက်မှာဖြစ်တာကြောင့် ဒေသခံတွေကို စစ်အုပ်စုလက်အောက်ခံဝန်ထမ်းတွေက နေအိမ်ခြံစည်းရိုးတွေနဲ့ သစ်ပင်တွေကို ထုံးသုတ်ခိုင်းတာတွေပြုလုပ် နေတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှာဖြစ်တာကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက သစ်ပင်တွေနဲ့ ခြံစည်းရိုးတွေကို ထုံးသုတ်ခိုင်းတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ခုက နှစ်လမ်းသွား စူပါတိုလမ်းလို့လည်းခေါ်တယ် အဲ့လမ်းတလျှောက်ကို ထုံးသုတ်ခိုင်းနေတာ အဲ့လမ်းက အိမ်ဖြူတော်မှာဆုံးတယ် အဲ့တလမ်းလုံးသုပ်နေရတာ ပြီးတော့ လမ်းဘေးဈေးဆိုင်တွေကိုလည်း ရှင်းခိုင်း ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်လာမှာဖြစ်တာကြောင့် မြို့ပေါ်နေပြည်သူတွေကို ထုံးသုတ်ခိုင်းသလို လမ်းဘေးဈေးသယ်တွေ ကိုလည်း ရှင်းလင်းထားတယ်လို့ ဆိုပါတယ်။

မဲခေါင်းအစည်းဝေးကို လာမယ့် ဇူလိုင်လမှာပြုလုပ်ဖို့ရှိတာကြောင့် ခုလိုမျိုး စစ်ခေါင်းဆောင် လာရောက်မှာ ဖြစ်ပြီး အရင်ကတော့ မဲခေါင်းအစည်းဝေးကို နန်းတော် ခန်းမကြီးမှာပြုလုပ်လေ့ရှိပြီး ဒီနှစ်ဘယ်မှာလုပ်မယ် ဆိုတာကိုတော့ အတည်ကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်လာရောက်မှာကြောင့် ကုန်ပေါ်မှာရော ရေကင်းမှာပါ ကင်းလှည့်နေတဲ့ ရဲတွေနဲ့ ကင်းစောင့် နေရတဲ့ ရဲ အနည်းဆုံး အင်အား ၈၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။