
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီက ရပ်ကွက်တိုင်းကို လူ ၇၀ ဦးနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
ရပ်ကွက် ၃ ခုက စစ်အုပ်စုထောက်ခံသူတွေကို စုစည်းပြီး ဇွန်လ ၂၁ ရက်နေ့က ထွေအုပ်ရုံးမှာ သင်တန်းပေးဖို့နဲ့ လက်နက်တပ်ဆင်ပေးဖို့ကိစ္စတွေကို အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
“ အဓိကတော့ မြို့ပေါ်ရပ်ကွက်တွေမှာလုပ်တာ ရပ်ကွက် ၁ ခုကို လူ ၇၀ တောင်းတဲ့ လိုက်ချင်တဲ့သူတွေက နည်းတော့ တချို့မဲနှိုက်ရတယ် အဲ့လူတွေကို အရင်သင်တန်းပေးဖို့ဆိုပြီး ၂၁ ရက်နေ့က အစည်းဝေးလုပ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသတွေကို နယ်မြေခံတပ်တွေကို ရှေတန်း စေလွှတ်ရတာတွေ ကျဆုံး စစ်သည်အင်အားများလာတာတွေကြောင့် မြို့ပေါ်တွေမှာ လုံခြုံရေးအင်အား အစားထိုးဖို့ ဒေသခံလူငယ်တွေကို ရွေးပြီး သင်တန်းပေးဖို့စီစဉ်တာတွေဖြစ်နိုင်တယ်လို့ ရဲဝန်ထမ်းဟောင်း တဦးကသုံးသပ်ပြောဆိုပါတယ်။
ခုလိုမျိုး ပြည်သူစစ်ပုံစံ မြို့နယ်တိုင်းမှာလိုလိုပြုလုပ်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းက ဧရာဝတီတိုင်းက ရဲတပ်ဖွဲ့ဝင်င ၄၀၀ နီးပါးကို ရခိုင်ပြည်နယ်ကို ရွှေ့ပြောင်းတာနဲ့လည်း သက်ဆိုင်နိုင်တယ်လို့ သုံးသပ်ပြောဆို ပါတယ်။