
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
အာဆီယံ ၄ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က တောင်တရုတ်ပင်လယ်အ တွင်း လုံခြုံရေးမြှင့်တင်မယ့် ၁၀ နှစ်ကြာ ပင်လယ်ရေကြောင်း လုံခြုံရေးအကူအညီ စီမံချက်တစ်ရပ်ကို ဂျပန် အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ပြင်ဆင်နေတယ်လို့ မီဒီယာသတင်းတွေအရ သိရ ပါတယ်။
အဆိုပါလေးနိုင်ငံဟာ ဂျပန်နိုင်ငံက လုံခြုံရးအကူအညီပေးဖို့ သတ်မှတ်ထားတဲ့ ထိပ်တန်း ဉီးစားပေးတိုင်း ပြည်တွေဖြစ်ပြီး အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ရန်လိုမှုကြီးထွားလာမှုကို တန်ပြန်ဖို့ဖြစ်ပါ တယ်။
JICA က အာဆီယံလေးနိုင်ငံကို လုံခြုံရေးအကူအညီပေးမယ့် အသေးစိတ်အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ် လမတိုင်မီ ထုတ်ပြန်မယ်လို့ မျှော်မှန်းရပါတယ်။
အကူအညီပေးရေးစီမံချက်အရ ဂျပန်နိုင်ငံက အာဆီယံလေးနိုင်ငံသို့ ဒရုန်းတွေ၊ ရေဒါစနစ်တွေနဲ့ ကင်း လှည့်ရေယာဉ်တွေ ထောက်ပံ့ပေးကာ စွမ်းဆောင်ရည်မြှင့်တင်ပေးမှာဖြစ်ပါတယ်။
ဂျပန် တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေက ပြီးခဲ့တဲ့လအတွင်း ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ လေ့ လာမှုတွေ၊ မြေပြင်ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ဧပြီလမှာ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံမှာ လုပ်ဆောင်မှာဖြစ်ပါ တယ်။
ညွှန်ကြားရေးမှူးချုပ် တာနာကာဟိုင်းရိုး ဉီးဆောင်သော JICA ကိုယ်စားလှယ်အဖွဲ့ဟာ ပင်လယ်ရေ ကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို ဖော်ထုတ်ဖို့ ဇန်နဝါရီလအတွင်း ဖိလစ်ပိုင်နိုင်ငံ သို့ သွားရောက်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါရဲ့ ပြီးခဲ့နှစ် နိုဝင်ဘာလ ဖိလစ်ပိုင်ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဒေါ်လာ ၄ သန်းတန်ကြေးရှိ ကမ်းရိုးတန်း စောင့်ကြည့်ရေးရေဒါစနစ်တွေ ထောက်ပံ့ပေးမယ့် သဘောတူညီချက်ကို လက် မှတ်ရေးထိုးခဲ့ပါတယ်။
ကိုးကား – Benar News
Ref; Japan to assist 4 ASEAN countries to counter China: report