ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

ထောင်ဒဏ်တစ်နှစ်အနက် ခြောက်လ ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ထရာကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ဖျားနာမှု သို့မဟုတ် အသက်အရွယ်ကြီးမြင့်မှုကြောင့် စောလျင်စွာ လွှတ်ပေးမယ့် အကျဉ်းသား ၉၃၀ စာရင်းမှာ ပါဝင်နေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပြီး စနေနေ့မှာ သူ့ကို အကျဉ်းထောင်မှ လွှတ်ပေးနိုင်တယ်လို့ သိရပါတယ်။

သက်ဆင်ဟာ အဂတိလိုက်စားမှု အပါအဝင် စွဲချက်များစွာကြောင့် အကျဉ်းချခံရမှုကို ရှောင်ရှားဖို့ ပြည်ပ မှာ ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်လယ်မှာ ထိုင်းနိုင်ငံသို့ ပြန်လာချိန် ထိန်းသိမ်းခံခဲ့ရပါတယ်။

သက်ဆင်ကို ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပေမယ့် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်က သူ့ရဲ့ပြစ်ဒဏ်ကို တစ်နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။

မီဒီယာလုပ်ငန်းရှင်ကြီးဖြစ်တဲ့ သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် ရွေး ကောက်ခံခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ လယ်သမားတွေကို ငွေကြေးထောက်ပံ့မှုကြောင့် ထိုင်းနိုင်ငံရှိ ဆင်းရဲသားတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်၊ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း သက်ဆင်ဟာ ရာထူးမှဖြုတ်ချခံခဲ့ပြီး စွဲချက်တွေိကို ရှောင်ရှားဖို့ ပြည်ပသို့ တိမ်းရှောင်ခဲ့ပါတယ်။

သက်ဆင်ရဲ့ ထိုင်းနိုင်ငံသို့ ပြန်လာမှုက ပြီးခဲ့တဲ့နှစ် မေလအတွင်းပြုလုပ်တဲ့ ထိုင်းရွေးကောက်ပွဲမှာ Pheu Thai ပါတီက ဆန္ဒမဲ ဒုတိယအများဆုံး အနိုင်ရရှိမှုနဲ့ တိုက်ဆိုင်နေပါတယ်။

Move Forward ပါတီနဲ့ ညွန့်ပေါင်းပါတီတွေက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် ရှေးရိုးစွဲတွေနဲ့ စစ် တပ်ကျောထောက်နောက်ခံပြု အထက်လွှတ်တော်က MFP ခေါင်းဆောင် ပီတလင်ဂျရိုရုတ်ကို ဝန်ကြီးချုပ်မဖြစ် အောင် ပိတ်ပင်ခဲ့ပါတယ်။

Pheu Thai ပါတီက စစ်တပ်၊ ဘုရင်စနစ်သစ္စာတော်ခံ လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းကာ အစိုးရတစ် ရပ် ဖွဲ့စည်းမှုကြောင့် ပါတီရဲ့ထောက်ခံသူတွေ အမျက်ထွက်ခဲ့ရပါတယ်။

ကိုးကား – VOA
Ref; Ex-Thai Prime Minister Granted Parole
#Ayeyarwaddy_Times