
ဧရာဝတီတိုင်းမ်
(မြိုင်) ဖေဖော်ဝါရီ ၁၄ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် PDF ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ RPG အဖူး နှစ်ဖူး ၊ RPG ပို့ယမ်း တစ်ခု ၊ Equipment နှစ်ခု ၊ပစ္စတိုထည့်အိတ် တစ်ခု ၊ MAကျည်ဘောက် တစ်ခု၊ MAကျည် ၉၆ တောင့်၊ ဓားရှည်တစ် ချောင်း၊ စစ်သုံးကျောပိုးအိတ် သုံးလုံး နှင့် စစ်သုံးမိုးကာ အင်္ကျီ နှစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“ကန်နီကို ရိက္ခာပို့လာကြတာ၊ တိုက်ပွဲက မိနစ် ၃၀ နီးပါးဖြစ်ပွားခဲ့တာပါ။ မြိုင်မြို့နယ် သံပရာခြံရွာ အနောက်ဖျားမှ တိုက်ပွဲဖြစ်တာပါ။ သူတို့ဘက်(စစ်ကောင်စီတပ်)က ထိခိုက်ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်” ဟု Myaing Supporting Battalion (MSB) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ပွဲကို MSB ၏ မြိုင်အခြေစိုက်တပ်ရင်း လေးရင်း နှင့် မြိုင်ပကဖ တပ်စု၊ တပ်စိပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျည်ဆံရှပ်မှန်ပြီး အသက်အန္တရယ် မစိုးရိမ်ရကြောင်း MSBမှ တာဝန်ရှိသူက ဆိုသည်။
ဓာတ်ပုံ-Myaing Supporting Battalion
#မြိုင် #ရိက္ခာပို့ #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား၂ဦးသေ #လက်နက်ခဲယမ်းများသိမ်းဆည်းရမိ #Ayeyarwaddy_Times