ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ အနီး မြင်းကဆိပ် စက်လှေဆိပ်တွင် စစ်ကောင်စီတပ်အင်အား ၃၀ဝန်းကျင်ပါသည့် စစ်သင်္ဘောတစ်စင်း ဆိုက်ကပ်ထားပြီး ဒေသခံလူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန် စီစဉ်နေကြောင်း ဒေသခံများထံသိရသည်။

ကန်ကြီးထောင့်မြို မြင်းကဆိပ် စက်လှေဆိပ်အနီး၌ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ရက် နေ့လည်၁၁နာရီခန့်က အဆိုပါစစ်သင်္ဘော ဆိုက်ကပ်ထားကြောင်း မျက်မြင်တွေ့ရှိရသည့် ဒေသခံများထံကသိရသည်။

“ စက်လှေဆိပ်ကနေ မြို့ထဲလာတဲ့ကောင်လေးတွေကို မှတ်ပုံတင်စစ်ပြီးတော့ စစ်မှုထမ်းရမယ်ဆိုပြီး ပေါ်တာဆွဲထားတယ်။ အယောက်၄၀ လောက်ရှိမယ်။ သင်္ဘောထဲမှာ ခေါ်ထည့်ထားတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစပြီး ဒေသခံ လူငယ် ၁၀၀ ကျော်ထက်မနည်း ကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ပျူစောထီး(ပြည်သူ့စစ်) သင်တန်းတက်ရောက်ရန် စေခိုင်းခဲ့သည်။

#ကန်ကြီးထောင့် #မြင်းကဆိပ် #စက်လှေဆိပ် #စစ်ကောင်စီ #စစ်သင်္ဘော #ဒေသခံလူငယ် #၄၀ကျော်ကိုဖမ်းဆီး #Ayeyarwaddy_Times